31 C
Yangon

ချင်းမိုင်တက္ကသိုလ်တွင် ထိုင်းနှင့်မြန်မာတက်ကြွလှုပ်ရှားသူများပူးပေါင်း၍ ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ချီတက်

Must read

ချင်းမိုင်တက္ကသိုလ်တွင် ထိုင်းနှင့်မြန်မာတက်ကြွလှုပ်ရှားသူများပူးပေါင်း၍ ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ချီတက်

ရန်ကုန်၊ ဩဂုတ် ၈

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ထိုင်းနှင့်မြန်မာတက်ကြွလှုပ်ရှားသူများ ပူး ပေါင်း၍ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ချီတက်ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို မြန်မာ-ထိုင်း တက်ကြွလှုပ်ရှားသူများက သြဂုတ်လ ၈ ရက်နေ့ ည ၇ နာရီမှ ည ၈ နာရီ ၃၀ မိနစ်အချိန်အထိ ချင်းမိုင်တက္ကသိုလ်ရှေ့ ဖယောင်းတိုင်မီးထွန်းခဲ့ကြပြီး ထို့နောက် ချင်းမိုင်တက္ကသိုလ်ရှေ့မှ လမ်းလျှောက်ချီတက်ကာ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဖိနှိပ်မှုကို ရပ်တန့်ရန် ရည်ရွယ် သည့် အနုပညာ ဖျော်ဖြေမှုဖြင့် သင်္ကေတဖြင့် သရုပ်ဖော်ပြသရန် ချီတက်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article