37 C
Yangon

ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူတချို့ကို ပစ်ခတ်သတ်ဖြတ်၊ ရွာလုံးကျွတ်မီးတင်ရှို့နေ

Must read

ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူတချို့ကို ပစ်ခတ်သတ်ဖြတ်၊ ရွာလုံးကျွတ်မီးတင်ရှို့နေ

ရန်ကုန်၊ ဩဂုတ် ၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူတချို့ကို ပစ်သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ယနေ့ ဩဂုတ်လ ၉ ရက်နေ့တို့တွင် အောက်ကြာအင်း ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွား ကြောင်း၊ ယင်းနောက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် အောက်ကြာအင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာလုံး ကျွတ် မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် ၄ နာရီ ၅၀ လောက်မှာ လောက်မှာ တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့ မနက်ကျတော့ ရွာထဲအထိ ဝင်လာပြီး ပစ်ခတ်တယ်။ ရွာထဲ မှာ မပြေးနိုင်တဲ့သူတွေကို အကုန်ပစ်သတ်သွားတယ်။ အခုရွာလုံးကျွတ် မီးတင် ရှို့နေတယ်။ ထွက်ပြေးရတာကတော့ ရွာလုံးကျွတ်ထွက်ပြေးနေရတာ” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လတ်တလော စစ်တပ်က ပစ်သတ်သွားမှုကြောင့် သေဆုံးသွားသည့် ပြည်သူ အရေအတွက်ကို မသိရှိရသေးဘဲ ရွာအတွင်းသို့ ပြည်သူများ ဝင်ရောက် နိုင်ခြင်း မရှိသေးဟု သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် အောက်ကြာအင်းကျေးရွာအနီးတွင် ဖုန်း လိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီ တပ်များက ကျေးရွာများကို မီးတင်ရှို့သည့်အပြင် ကျေးရွာများ အတွင်းမှ အဖိုးတန် ပစ္စည်းများကိုလည်း လုယက်မှုများရှိနေကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article