35 C
Yangon

ဘီးလင်းမြို့နယ်တွင် ၄ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံး

Must read

ဘီးလင်းမြို့နယ်တွင် ၄ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်နေ့အထိ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦးသေကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

ဘီးလင်းမြို့၊ အဝန်းကြီးကျေးရွာ မှ ရွှေရောင်ပြကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးထက် မနည်းသေဆုံးကာ သေဆုံးအလောင်းများအား အခင်းဖြစ်ပွားသောနေရာတွင် ပစ်ထားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဘီလင်း ပကဖ နှင့် တောကျီးကန်းစစ်ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့များတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောကျီးကန်းစစ်ကြောင်း ထံမှ သိရှိရသည်။

ထို့ပြင် ဇူလိုင် ၂၄ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် ပူးပေါင်းတပ်ဖွဲ့များမှ အကြမ်းဖက်စစ်သားများကို လိုက်လံချေမှုန်းရာ ရွှေရောင်ပြ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဝင်ရောက် အကာကွယ်ယူကာ ပုန်းခိုခဲ့ကြပြီးအကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးတပ်မှရွှေရောင်ပြရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ရွှေရောင်ပြရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရကြကြောင်း သိရှိရသည်။

ဇူလိုင် ၂၅ ရက်နေ့တွင်မူ ရွှေရောင်ပြကျေးရွာမှ ဘီးလင်းသို့ ပြန်လည်ဆုတ်ခွာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်း နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် းဘက်မှ ရွာသားအချို့ကို လူသားဒိုင်းများ အဖြစ် ဖမ်ဆီးကာ ၎င်းတို့ ပြန်လည်ဆုတ်ခွာစဉ်တွင် တောင်ယာခင်းမှ ရွာသားသုံဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဇူလိုင် ၂၆ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ခလောက်အင်း ကျေးရွာသို့ ဝင်ရောက်လာသော အင်အား ၉၀နှင့် ၁၀၀ ကြားရှိ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ B100 ကွန်မန်ဒိုစိန်ပြောင်းသမားအပါအဝင် ၃ ဦးသေကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားများ ခလောက်အင်း ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ပုန်းခို အကာအကွယ်ယူခဲ့ကြပြီး သေဆုံး အလောင်းများကို ဘုန်းကြီးကျောင်းအတွင်း စုပုံထားရှိကြောင်းလည်း သိရှိရသည်။

ယင်းနေ့တွင်လည်း အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များသည် ခလောက်အင်းရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးအဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ စနိုက်ပါ သမား၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်သားထပ်မံထိခိုက်ခဲ့ပြီး အသက်ရှင်နိုင်ဖွယ်မရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို တောကျီးကန်းစစ်ကြောင်း KNLA ပူးပေါင်းတပ်၊ ဘီးလင်း ( ပကဖ) နှင့် တပင်ရွှေထီး စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ််ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) အနည်းငယ် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးတပ်မှ ခလောက်အင်းကျေးရွာ နှင့် ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ရမ်းသန်းပစ်ခက်မှုကြောင့် ခလောက်အင်းရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article