30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၀၀ ကျော်အထိ ရောက်ရှိသွားသလို ၊နိုင်ငံခြား ငွေလဲနှုန်းထားတွေမှာ မြန်မာကျပ်ငွေ တန်ဖိုးတွေ ထိုးကျနေလို့ သိရပါတယ်။

– ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအနီးက တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်က အယောက် ၃၀ ကျော် သေသွားတဲ့အပြင် လက်နက်ခဲယမ်းအများအပြားကိုပါ သိမ်းဆည်းရရှိခဲ့သလို ၊ PDF ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ ကျောက် တံခါး မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ သက်သေအထောက်အထားတွေကို လူပေါင်း ၂၀၀ ကျော် နဲ့ အရင်းမြစ် ၇၀၀ ကျော်ဆီကနေ ကုလသမဂ္ဂယန္တရားက စုဆောင်းရရှိထားတဲ့အပြင်၊ အဲ့ဒီ့ သက်သေ အထောက် အထားတွေကိုလည်း ICJ တရားရုံး၊ ICC ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေဆီကို မျှဝေလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က တရားဝင် သတင်း ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article