32 C
Yangon

ပဲခူးမြို့တွင်း မြစ်ရေတက်၍ ရေကြီးနေပြီး ပြည်သူများ ဘေးလွတ်ရာသို့‌ ရွှေ့ပြောင်းနေရ

Must read

ပဲခူးမြို့တွင်း မြစ်ရေတက်၍ ရေကြီးနေပြီး ပြည်သူများ ဘေးလွတ်ရာသို့‌ ရွှေ့ပြောင်းနေရ

ရန်ကုန်၊ ဩဂုတ် ၁၀

ပဲခူးမြို့တွင်းတွင် ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပဲခူးမြစ်ရေတက်၍ မြို့တွင်း ရေများ ကြီးနေ၍ ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ဩဂုတ်လ ၈ ရက်နေ့မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြစ်ရေကြီးလာခြင်းဖြစ်ကြောင်း ၊ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းဖြတ်သန်းခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

“၈ ရက်နေ့ကစပြီး မိုးကြီးတာပါ။ ပဲခူးမြစ်ရေ ဒီနှစ်အဆိုးဆုံးမြစ်ရေတက်တာပါ။ စစ်အစိုးရက မည်သည့် ထောက်ပံ့မှုမှ မချပေးပါဘူး။ ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေပါတယ်။ ပြည်သူတချို့နဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် ကျောက်တွင်းကုန်းလမ်းဆုံ၊ ကျောက်ကြီးဆု၊ မဂ္ဂတစ်၊ ကလျာဏီ၊ မင်းလမ်း၊ ပန်းလှိုင်၊ ကျွန်းသာယာ၊ ဘူတာကုန်းအောက်၊ မဟာမြိုက်ဘက်များတွင် ရေကြီး နစ်မြှုပ်နေပြီး စာသင်ကျောင်းအပေါ်များ၊ ဘုန်းကြီးကျောင်းအပေါ်ထပ်များတွင် ကယ်ဆယ်ရေးများကို နေရာချပေးနေကြကြောင်းသိရှိရသည်။

“ပြည်သူသောင်းနဲ့ ချီရေဘေးသင့်နေတယ်။ မဟာမြိုင်ဘက်မှာလည်း ရေတက်လာပြီ။ လှေ၊ ဘောကွင်းတွေနဲ့ ရွှေ့ပြောင်းပေးနေကြပါတယ်။ ဆန်၊ ဆီ အလှူရှင်တွေကလည်း လှူကြပါတယ်။ ယုတ်မာတယ် ခွေးတွေ။ ဘာအလုပ်မှ မလုပ်ဘဲ ကယ်ဆယ်ရေးဝတ်စုံတွေ ဝတ်ထားပြီး တကယ်ကယ်နေတဲ့ အဖွဲ့တွေ ၊ ပြည်သူတွေကို ဒီတိုင်းလွှတ်ထားတယ်။ ခွေးတွေက ဟိုကားစစ် ဒီကားစစ် ဆိုင်ကယ်စစ်လိုက်နဲ့ ရုပ်ပေါက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article