30 C
Yangon

နတ်မောက်တွင် မိုင်းကွင်းထဲ ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား

Must read

နတ်မောက်တွင် မိုင်းကွင်းထဲ ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ သြဂုတ် ၁၀

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မိုင်းကွင်းထဲ ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း ဂဠုန် PDF နတ်မောက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဖက်တောရေရွာ တောင်ဘက် လမ်းဆုံ၌ ကာကွယ်ရေး တပ်ဖွဲ့က ထောင်ထားသည့် မိုင်းကွင်း အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးသေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီ ၃၀ မိနစ်က နတ်မောက်အရှေ့ဘက်ခြမ်း မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေး ၃၃ ကောင်ကို ဖက်တောရေရွာ တောင်ဘက် လမ်းဆုံမှာ မိုင်းကွင်းထဲဝင်လာတဲ့အချိန် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ၁၈ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဂဠုန် PDF နတ်မောက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article