37 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ မတ္တရာတွင်လည်း စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ မတ္တရာတွင်လည်း စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၁၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ မကျီးစုရွာနှင့် ရွာသာယာရွာ အကြားတွင် အင်အား ၂၅ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MGN 35 ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း-၅)က ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းရွာတံတားပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဝါးလုံးပြွန်ရွာ၌ အထိုင်ချနေသည့် အကြမ်းဖက် စစ်သားများက ရှမ်းရွာတံတားပေါ်ကို အင်အား ၁၀ ဦးခန့် ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ် များဖြင့် ဘေးဘက်သို့ ပစ်ခတ်နေစဥ် မတ္တရာမြို့နယ် ပကဖမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article