37 C
Yangon

ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရမ်ထလိုရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦး ဒဏ်ရာရပြီး ဘုရားကျောင်း အပါအဝင် နေအိမ် တချို့ပျက်စီး

Must read

ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရမ်ထလိုရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦး ဒဏ်ရာရပြီး ဘုရားကျောင်း အပါအဝင် နေအိမ် တချို့ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ဖလမ်းမြို့နှင့် မိုင် ၂၀ ခန့် ဝေးသည့် ရမ်ထလိုကျေးရွာပေါ်သို့ ဗုံးကျဲချခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဖလမ်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၆၈ တပ်ရင်းကို CNA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းများလည် သိမ်းဆည်းရရှိခဲ့ကြောင်း၊ CNA တပ် ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ ယနေ့ နေ့လည် ၁၁ နာရီခန့် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဖလမ်းမြို့နှင့်မိုင် ၂၀ ခန့်ဝေးကွာသည့် ရမ်ထလိုကျေးရွာပေါ်သို့ ဗုံးသီး ၂ လုံးကျဲခဲ့ရာ ပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်းပါအဝင် နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

“လေယာဉ်တစ်စီးနဲ့ဆိုတော့ ၂ လုံးကျဲချသွားတာ၊ဘုရားကျောင်းကတော့ တော်တော်ပျက်စီးသွားတယ်၊ နောက်ပြီးတော့ ဘေးက နေအိမ်တွေထိမယ်၊ ပြည်သူက ၇ ဦးတော့ထိခိုက်ဒဏ်ရာရတယ်၊ ဆိုးဆိုး ဝါးဝါး ကြီးတော့ မဖြစ်လို့ ကြားတယ်၊ ကလးလူကြီး၊ ကျား၊မတော့ခွဲခြားလို့ မသိရသေးဘူး၊ အသက်ကြီး ပိုင်း တော့ပါမယ်ဗျ၊ ဖလမ်းမြို့ပေါ်မှာ ဖြစ်တဲ့တိုက်ပွဲကတော့ အတိအကျမသိရသေးဘူးဗျ၊ အသေအပျောက် ကတော့ CNA ဘက် တစ်ယောက်ရှိတယ်နဲ့တူတယ်၊အဲဒီဘက်မှာက ဆေးခန်းရှိတော့ ဆေးဆရာမတွေ နဲ့ကုသနေပုံပဲ၊ ကြီးကြီးမားမား ဒဏ်ရာမစိုးရိမ်ရတဲ့အခါကျတော့ အဲဒါကဆရာ၊ ဆရာမတွေနဲ့ပဲကုသ နေကြပုံပဲ၊ ဆေးရုံသွားတာတော့ မတွေ့ရဘူးဗျ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူကပြောဆိုသည်။

အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA တပ်ဖွဲ့မှ ဖလမ်းမြို့ပေါ် ရှိ ခလရ ၂၆၈ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပယောဂကြောင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင် ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ပြောကြားသည်။

အလားတူ ယနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၆၈ တပ်မှ ဖလမ်းမြို့အနီးရှိ ကျေးရွာများပေါ်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ Sunthla ကျေးရွာမှ အသက် ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article