35 C
Yangon

အခေါက်ရွှေစျေး ၃၈ သိန်း ၁ သောင်းကျော်ရောက်ရှိပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေ ၃၇၅၀ ကျပ်ကျော်ထိုးတက်လာ

Must read

အခေါက်ရွှေစျေး ၃၈ သိန်း ၁ သောင်းကျော်ရောက်ရှိပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေ ၃၇၅၀ ကျပ်ကျော်ထိုးတက်လာ

■ စသုံးလုံးနှင့် စစ်ထောက်လှမ်းရေးများ၏ လိုက်လံ ဖမ်းဆီးမှုများကြောင့် ဒေါ်လာနှင့်ရွှေ လက်သိပ်ထိုး ချိတ်ဆက် ရောင်းဝယ်နေရ

ရန်ကုန်၊ ဩဂုတ် ၁၇

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှင့် ဒေါ်လာ စျေး မတက်စေရေးအတွက် အမျိုးမျိုးသော ဖမ်းဆီးဖိနှိပ်မှုများ လုပ်ဆောင် နေလင့် ကစား ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည် မီးလင်းရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်း ၁ သောင်းကျော်သို့ ရောက်ရှိသွားပြီး အမေရိကန်ဒေါ် လာ မှာလည်း တစ်ဒေါ်လာလျှင် ၃၇၅၀ ကျပ်ကျော် အထိ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ စျေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်း ၁ သောင်းကျော်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၅၀ ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စျေးကွက်တွင် စသုံးလုံးနှင့် စရဖ ခေါ် စစ်ထောက် လှမ်းရေးအဖွဲ့များက ဒေါ်လာဝယ်ရောင်း၊ ရွှေဝယ်ရောင်းများကို လိုက်လံ ဖမ်း ဆီးမှုများ ရှိနေသည့်အတွက် စျေးကွက်အတွင်းသို့ ပြင်ပ တစိမ်းများ အဝင် မခံဘဲ အချင်းချင်း မိတ်ဆွေများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူလာမှုများကို သာလက်ခံကြောင်း သိရှိရသည်။

“စသုံးလုံးနဲ့ စရဖက ရွှေစျေးတက်၊ ဒေါ်လာစျေးတက်ရင် ရန်ကုန်မှာဆိုရင် ရွှေဘုံသာလမ်း၊ ရန်ကုန်တိုင်း ရွှေအသင်းရုံးမှာ ခြေရှုပ်ပြီ။ လာလိုက် ထွက် သွားလိုက်။ တွေ့ကရာ ပွဲစား ဖမ်းသွားလိုက်လုပ်တယ်။ အဲဒီတော့ စျေး ကွက်မှာက ဖုန်းနဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်ဖို့ ပြန်ချိန်းတယ်။ ကိုယ်မသိတဲ့ တစိမ်းဆိုရင်လည်း အရောင်းအဝယ် မလုပ်ဘူး။ အဲဒီတော့ ရွှေလိုချင်ရင် ကုန်သည်တွေနဲ့ သိတဲ့သူဆိုရင်တော့ အဲဒီကုန်သည် ဆီက နေတစ်ဆင့် လက်ကြီးသမားတွေကို ချိတ်ဆက်ပြီး ရွှေရှာပေးတာမျိုး လုပ်ပေးတယ်။ အပြင်တစိမ်းဆို ရောင်းလည်း မရောင်းဘူး၊ ဝယ်လည်း မဝယ်ဘူး။ စသုံးလုံးနဲ့စရဖတွေကလည်း ရွှေဝယ်သလိုလို၊‌ ရွှေရောင်းသလိုလိုနဲ့ စျေးစုံစမ်းတာ၊ ထောင်ချောက်ဆင် ဖမ်းတာမျိုးရှိခဲ့လို့ပါ။ ဒီကောင်တွေ လက်ထက်မှ ရွှေရောင်းရတာ ဘိန်းရောင်းနေရသလိုပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အခြားသောတစ်ဖက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ အမြင့်ပိုင်း တွင်ပင် ဆက်လက် မြင့်တက်နေပြီး ဒေါ်လာ ဝယ်လိုသူများအနေဖြင့် စျေး ကွက်ပေါက်စျေးပို၍ စျေးပေးဝယ်ယူရမှသာလျှင် ရရှိနိုင်ကြောင်း သိရှိရသည်။

“စျေးကွက်ပေါက်စျေးက တစ်ဒေါ်လာ ၃၇၀၀ ဆိုရင် ကိုယ်က ဝယ်ချင်ရင် ၃၇၅၀ လောက်စျေးပိုပေးရတယ်။ စျေးကွက်ပေါက်စျေးက ၃၇၅၀ ဆိုရင် ဝယ်လိုရင် တစ်ဒေါ်လာ ၃၈၀၀ လောက် စျေးပိုပေးရတယ်။ ကိုယ်က ရောင်း ရင်လည်း‌ စျေးကွက်ပေါက်စျေးထပ် ၃၀ လောက်နိမ့်တယ်။ ရောင်းစျေး ဝယ် စျေး ကို တအားဟထားတာ။ အခုတော့ တစ်ဒေါ်လာကို ၃၇၅၀ လောက် စျေး ပေါက်နေတယ်။ ဆက်တက်ဦးမယ်လို့ မှန်းပါတယ်” ဟု လိုင်စင် ပိတ်ပင် ခံ လိုက် ရသော နိုင်ငံခြားငွေလဲကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်မှု အမျိုးမျိုးဖြင့် ရွှေစျေးကွက်နှင့် ဒေါ် လာစျေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့တွင် အောင် မြင်ခြင်းမရှိဘဲ ဝယ်လိုအားနှင့်ရောင်းလိုအားပေါ်မူတည်၍ ဖြစ်ပေါ်နေသော စျေးကွက်ပေါက်စျေးနှုန်းသာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article