29 C
Yangon

ယင်းမာပင်၊ မြောက်ယမားတံတားပေါ်တွင် စစ်တပ်က လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦး ကို လည်လှီး သတ်ဖြတ် ကာအလောင်း များကိုချောင်းထဲ​ပစ်ချ

Must read

ယင်းမာပင်၊ မြောက်ယမားတံတားပေါ်တွင် စစ်တပ်က လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦး ကို လည်လှီး သတ်ဖြတ် ကာအလောင်း များကိုချောင်းထဲ​ပစ်ချ

ရန်ကုန်၊ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတားပေါ်တွင် စစ်တပ်က လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦး ကိုလည်လှီး သတ်ဖြတ်ကာ အလောင်း များကိုချောင်းထဲ​ပစ်ချခဲ့သဖြင့် ပုတ်ပွနေသော အလောင်းများ ပြန်လည် ဆယ် ယူ ရရှိကြောင်း ဒေသပြည်သူများနှင့် ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြား ရေးအဖွဲ့ထံမှ သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း ယင်းမာပင်မြို့နယ်မြောက်ယမား ချောင်း ထဲတွင် အလောင်း၃လောင်းတွေ့ရှိခဲ့ရပြီး ယမန်နေ့ ညနေပိုင်းတွင် အလောင်း ၁ လောင်း ထပ်မံ တွေ့ရှိရကြောင်း၊ သတ်ဖြတ်ခံရသူများသည် စစ်တပ်က ဖမ်းဆီး သွားခဲ့သော လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က လည်လှီးသတ်ဖြတ်၍ အလောင်းများကို ချောင်းထဲ မျှောချခံရသော ပြည်သူ ၄ ဦးမှာ ဩဂုတ်လ ၁၀ ရက်နေ့ ယင်းမာပင်မြို့နယ်၊ လည်ငေါက် ကျေး ရွာမှ စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသော တောင်သူ ၄ ဦးဖြစ်ကြောင်း ၊ နွားစာ ကျွေး အပြန်အချိန် အကြမ်းဖက်စစ်ကြောင်း နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် လည်ငေါက်ကျေးရွာသား ၄ ဦးကို စစ်တပ်က ဖမ်း ဆီး ပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့ စစ်တပ်က မြောက်ယမားတံတား ပေါ် တွင် လည်လှီးသတ်ဖြတ်ကာ ချောင်းထဲသို့ အလောင်းများ ပစ်ချခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

လည်ငေါက်ကျေးရွာသား ၄ ဦးကို သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့၊ ဝမ်ပေါင်ကြေးနီစီမံကိန်းထဲတွင် တပ်စွဲနေထိုင် နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article