28 C
Yangon

လောင်းလုံးတွင် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေ၊ ပြည်သူများ သတိကြီးစွာ နေထိုင်ရန်နှင့် ညအချိန် အပြင်မထွက်ရန် လောင်းလုံး PDF ထုတ်ပြန်

Must read

လောင်းလုံးတွင် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေ၊ ပြည်သူများ သတိကြီးစွာ နေထိုင်ရန်နှင့် ညအချိန် အပြင်မထွက်ရန် လောင်းလုံး PDF ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း သာလွန်အင်အားဖြင့် အင်အားဖြည့်တင်းနေမှုများ ဆက်တိုက်ပြုလုပ်နေပြီး နေရာအနှံ ကျေးရွာများတွင်လည်း ရေခဲချောင်းရောင်းသမားများ ၊ အင်္ကျီ ၊စောင် ခေါင်းအုံး ၊ ဖျာလိပ်၊ သံတိုသံစ ၊ ဆံပင် ၊ရောင်းသမားများ သွားလာနေမှုများစွာရှိနေပြီး Ambulance (နာရေး /လူ မှုကူညီရေးကားများ ၊ ဘုန်းကြီးကျောင်းတံဆိပ်ကပ်ထားသော ကားများဖြင့် မျက်နှာစိမ်းများ များစွာ သွားလာနေမှုရှိနေကြောင်း သိရသည်။

” စစ်ခွေးတွေက အင်အားတွေ နေရာအနှံ ဖြည့်တင်းထားတယ်။ တချို့ နေရာတွေမှာ တပ်သား အလဲ အပြောင်းတွေလည်း လုပ်ဆောင်ထားတယ်။ ထားဝယ်မြို့ဘက်နေ လောင်းလုံးဘက်ကို ရေခဲချောင်းရောင်းသမား တွေ သံတိုသံစ ဝယ်သမားတွေ လာနေကြပြီး နယ်မြေခံမဟုတ်တဲ့ သူတွေ များစုဖြစ်တယ်။ စစ်ဆေးတဲ့ အခါ ဘာမှ မသိတာတွေဘဲ ဖြစ်နေရလို့ နောက်တစ်ခါ လောင်းလုံးကို မလာဖို့ ပြောပြီး ပြန်ပြန်လွှတ်နေရတာ ၁၀ ဦးထက်မက ဖြစ်နေပါပြီ ထားဝယ်စကားမပြောတဲ့ သူတွေ က အများစုပါ။ ပြည်သူလား ခွေးသူလျိုလား ဘာမှန်းမသိတော့ တော်တော်လေး သတိထားပြီး စစ်ဆေးလုပ်ဆောင်နေရတာတွေရှိပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တော်လှန်ရေးအရှိန် မြင့်မားလာသည့်နှင့်အမျှ အကြမ်းဖက် စစ်တပ်က ပြည်သူ အသွင်ဆောင်ယူခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်သား အသွင်ယူခြင်း၊ အရပ်ဝတ်များဖြင့် သွားလာ သတင်းယူနေခြင်း များစွာ လည်းရှိနေခဲ့ကြောင်း၊ လောင်းလုံးမြို့နယ်ရှိ ပြည်သူများအနေဖြင့် အထူး သတိကြီးစွာ ရှိနေပေးရန်နှင့် ည ၈:၀၀ မှ နံနက် ၄ နာရီ အထိ ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန်၊ မသိရှိသော သူစိမ်းများနှင့် ပြောဆိုဆက်ဆံမှုများ မပြုလုပ်ရန်၊ မလိုလားအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်ရန်နှင့် ခရီးသွားလာမှု ရှိခဲ့လျှင် ကားမှန်တံခါးများချထားပေးပါရန် မေတ္တာရပ်ခံ တောင်းဆိုထားကြောင်း သိရှိရသည်။

ထို့ပြင် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူ့ကွယ်ရေးအဖွဲ့များအနေဖြင့် လောင်းလုံးမြို့နယ်အတွင်းသို့ အကြောင်းတစ်စုံတစ်ရာကြောင့် လာခဲ့မည်ဆိုပါက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-LPDF ကို အသိပေးပြီး၍ လာရောက်ကြပါရန် နှင့် မြို့နယ်အတွင်းရောက်ရှိနေသော လက်နက်ကိုင် တော်လှန်ရေးအင်အားစုများလည်း အသိပေး ပူးပေါင်း လုပ်ဆောင်မှုဖြင့် ကူညီပေးပါရန် ထပ်ဆင့် တောင်းဆို လိုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article