25 C
Yangon

ရေးမြို့နယ် အမှတ် ၈ လမ်းပိုင်းတွင် ခမရ ၅၈၇ တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး၏ သားဖြစ်သူကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ

Must read

ရေးမြို့နယ် အမှတ် ၈ လမ်းပိုင်းတွင် ခမရ ၅၈၇ တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး၏ သားဖြစ်သူကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ

ရန်ကုန်၊ မေ ၁၆

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် ၈ လမ်းမပေါ်တွင် ရေးဘီလူးအဖွဲ့ တက်ရောက်စစ်ဆေးစဉ် အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦး၏ သားဖြစ်သူကို ဖုန်းစစ်ဆေးရာမှ မသင်္ကာသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သတင်းအချက်အလက်များကို မေးမြန်းနေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

မေလ ၁၄ ရက်နေ့တွင် ရေးဘီလူးအဖွဲ့သည် အကြမ်းဖက်စစ်တပ်စခန်းများနှင့် နီးကပ်မှုရှိသည့် ရေးမြို့နယ် အမှတ် ၈ လမ်းမကြီးပေါ်တွင် တက်ရောက်စစ်ဆေးစဉ်တွင် လူတစ်ဦးတွင် ဖုန်းတွင်းတွင် မသင်္ကာဖွယ်ရာများကို စစ်ဆေးမိ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးခဲ့ရာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၈၇ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

“ကျွန်တော်တို့ ရေး စုံနံသာ အမှတ် ၈ လမ်းပိုင်းပေါ် စစ်ဆေးရေးပြုလုပ်တဲ့အချိန်မှာ ဒီ တပ်ကြပ်ကြီးရဲ့ သားကို ဖမ်းဆီးရမိတာ။ ဖမ်းဆီးရမိတဲ့အချိန်မှာ ဖုန်းကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ တပ်တွင်းမိသားစုဝင်တွေနဲ့ ရိုက်တဲ့ ပုံတွေ အများကြီး ဖုန်းထဲမှာ တွေ့တယ်။ နောက်တစ်ခုက တပ်တွင်းက အရာရှိတွေရဲ့ ဖုန်းနံပါတ်တွေ ကျွန်တော်တို့ တွေ့တော့ သူ့ကို စစ်ဆေးမေးမြန်းကြည့်တဲ့အခါကျတော့ သူက တပ်ကြပ်ကြီးသားတစ်ဦး ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းပြီးတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ သတင်းအချက်အလက်အပိုင်းတွေ စစ်ဆေးမေးမြန်းနေတုန်းပဲ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေး ရဲဘော်များ၏ မိသားစုဝင်များကို ဖမ်းဆီးသွားချိန်တွင် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများ လုပ်ဆောင်ကြောင်း၊ ၊ မိသားစုဝင်များ ဖမ်းဆီးခံရချိန်တွင် ခံစားရသည့် တော်လှန်ရေးရဲဘော်များ၏ စိတ်ဒုက္ခကို အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များ ခံစားသိရှိစေလိုကြောင်းလည်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်နှင့် ဖမ်းဆီးခံရသူတို့ စကားပြောဆိုသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် တွေ့မြင်ရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး၏ သားဖြစ်သူကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ ပြည်သူတွင်းမှ ပေါက်ဖွားလာသူများဖြစ်၍ အကြမ်းဖက်စစ်တပ်ကဲ့သို့ ပြုမူမည်မဟုတ်ကြောင်းလည်း ရေးဘီးလူးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article