36 C
Yangon

ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး၊ တနင်္သာရီမြို့အဝင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး၊ တနင်္သာရီမြို့အဝင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးရှိ ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ကော့နွဲ‌့ကျေးရွာ ရဲစခန်းအနီးရှိ စစ်တပ် တပ်စွဲနေထိုင်ရာ စာသင်ကျောင်း၌ အထိုင်ချထားသော အကြမ်းဖက်စစ်သားများကို ဗုံးသီး အကြီး ၂ လုံး၊ ရွာသစ်ကုန်းကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ငယ် ၂ လုံး ကို ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄ လုံးအနက် ၃ လုံးမှာ စစ်သားများအနီးကျရောက်ပေါက်ကွဲပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ဗုံးသီးငယ်တစ်လုံးမှာ နည်းပညာချို့ယွင်းချက်ကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း သိရသည်။

“ကော့နွဲ့ကျေးရွာနဲ့ရွာသစ်ကျေးရွာတွေမှာက စစ်ခွေးတွေ သေရင် အမြဲတမ်းပဲ သတင်းက ဖုံးထားတယ်၊ စုံစမ်းရခက်တယ်၊ လိုက်မေးနေပေမယ့် သိရဖို့ကမလွယ်ဘူး၊ တောနော်က ပိုဆိုးတယ်၊ အဲဒီနေရာက တော်တော်ခေါင်တယ်၊ အဲဒီနေရာမှာ ထိခိုက်သေဆုံးမှုကတော့ အဖြစ်နိုင်သလောက်ပဲ၊ သေချာတာက တော့ထိခိုက်သေဆုံးမှု ၂ ပွဲလုံးရှိတယ်” ဟု Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့လည်ပိုင်းတွင် ကော့ကရိတ်မြိုနယ်၊ တောနော်ရေတံခွန်အနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးလက်နက်ကြီး ထိမှန်ကာ ၃ ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကင်း ထောက်ဒရုန်းတစ်စီးလည်း အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်သော ဂျန်ပါကြောင့် ပျက်ကျကာ ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA တပ်ရင်း ၁၈၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ဒေါနစစ် ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် Saw Dragon Drone Force – SDDF တပ်ပေါင်းစုများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်တပ်ဂိတ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လယ်တောင်ယာရွာ ပြည်ထောင်စု ကားလမ်းမပေါ်တွင်တနင်္သာရီ (ပကဖ) နှင့် မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ တို့ပူးပေါင်းကာ ကားလမ်းပိုင်းကို လုံခြုံရေးအရ စစ်ဆေးပြီးနောက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article