37 C
Yangon

ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် တချို့ ထိခိုက်ပျက်စီး

Must read

ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် တချို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဆင်ဖြူရှင် တံတားမှ ဆန်တက်လာသော အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်နှင့် အဆောက်အဦး တချို့ ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိတယ်။ ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ ကနဦးသိထားရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article