36 C
Yangon

ပလမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ တန်းကျောင်သား အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ၊ တနင်္သာရီရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံးပျက်စီး

Must read

ပလမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ တန်းကျောင်သား အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ၊ တနင်္သာရီရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်း၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ တန်းကျောင်သား အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပလမြို့ရဲစခန်းက ပစ်ခတ်သော လက်နက်ကြီးကျည်သည် ပလမြို့ အမှတ် ၃ ရပ်ကွက်အတွင်းရှိ ဆားဖိုဆိပ်ကမ်းနှင့် ရွှေမော်သိမ်စေတီဘက်ကို ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များကို လက်နက်ကျည် ထိမှန်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်သူများတွင် ၈ တန်း ကျောင်းသား ၁ ဦးပါဝင်ပြီး ရင်ဝ၌ ကျည်စထိမှန် ခဲ့သောကြောင့် စိုးရိမ်ရသည့် အခြေအနေဖြင့် မြိတ်မြို့၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် အသက် ၃၀ ကျော် အရွယ်အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး အချိန်မီ ဆေးကုသနိုင်ခြင်း မရှိသောကြောင့် လက်ချောင်းများ ဖြတ်တောက်လိုက်ရကြောင်း၊ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ ၄ ဦး ထက်မနည်းလည်း ကျည်စထိမှန်ဒဏ်ရာများရရှိပြီး မစိုးရိမ်ရကြောင်း၊ ယင်းသို့ လက်နက်ကြီး ပစ်ခတ်ပြီးနောက် ပလမြို့ ရဲစခန်းမှ စစ်သားများက မြို့ထဲဆင်းလာပြီး ပြည်သူတွေကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ ၂ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ပစ်ခတ်ခံရပြီးနောက် မွန်းလွဲ ၁၂ နာရီခန့်တွင် တနင်္သာရီမြို့၊ လေသာတောင်၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးများဖြင့် လယ်တောင်ယာကျေးရွာနှင့် ဘန်လောရွာတို့ကို ပစ်ခတ်ခဲ့ပြီး ဘန်လောရွာမှ နေအိမ် ၂ လုံး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး စတင်ပစ်ခတ်ချိန်တွင် ကြိုတင်ရှောင်ရှားနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

(တနင်္သာရီတိုင်းမ် သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article