37 C
Yangon

ငါန်းဇွန်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံး

Must read

ငါန်းဇွန်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာတွင် မိုးမိုး ဦးဆောင်သည့် ပျူစောထီး ၃ ဦး ဝိုင်းဖွဲ့ကာ အရက်သောက်နေစဥ် ငါန်းဇွန် ပကဖ နှင့် TGYR-ပြောက်ကျားအဖွဲ့ တို့မှ ဝင်ရောက်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံး ပွဲချင်းပြီးသေဆုံးကာ ၎င်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဓါးမ ၁ ချောင်းနှင့် ဂွ ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူစောထီး ခေါင်းဆောင် မိုးမိုးဆိုသူသည် သန့်ဇင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ကြီးသန်းဇော်လင်း၏ ညီ ဖြစ်ပြီး မိုးမိုး ဦးဆောင်သော ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်း လာသမျှ ကား၊ ဆိုင်ကယ်များကို တားဆီး ဓါးပြတိုက်ကာ ငွေတောင်းအနိုင်ကျင့်ကာ သန့်ဇင်ကုန်းကျေးရွာကို စစ်တပ်အလိုကျ ပျူစောထီးရွာ အဖြစ်အသွင်ပြောင်းနေသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

” ဝင်ရောက် ဖမ်းဆီးတာကို ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးတာ ၃ ဦးသေဆုံးသွားတယ်” ဟု ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article