27 C
Yangon

စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေတပ် ဦးစီး ချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တက်ရန် ငြင်းပယ်

Must read

စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေတပ် ဦးစီး ချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တက်ရန် ငြင်းပယ်

■ JFM က အာဆီယံနိုင်ငံအားလုံးအနေဖြင့် စစ်ရာဇဝတ်တရားခံ မြန်မာ စစ်တပ်နှင့် မဆက်ဆံရန်၊ နေပြည်တော်ညီလာခံမတက်ရန် တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေ တပ် ဦးစီးချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံ တို့ တက် ရောက်မည်မဟုတ်ကြောင်း သိရှိရသည်။

Justice For Myanmar(JFM) က အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် တရားမဝင် အကြမ်းဖက် စစ်ကောင်စီကို အာဆီယံ ကာကွယ်ရေး ဆိုင်ရာ လှုပ် ရှား မှု များတွင် ပါဝင်ခြင်းမပြုရေး တားဆီးရန် ပူးပေါင်းဆောင်ရွက်ခြင်း မပြု ရန် တောင်းဆိုသည်။

မြန်မာလေတပ်မှ လေတပ်ဦးစီးချုပ် ထွန်းအောင်သည် AACC ၏ ဥက္ကဋ္ဌ ဖြစ်ပြီး လတ်တလော ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း၊ ဘုရားရှိခိုး ကျောင်း များ၊ ကျေးရွာများကို ဗုံးကျဲဖျက်ဆီးခြင်း လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ပြုလုပ်မည့် လေ တပ် ဦးစီးချုပ် ညီလာခံကို ထိုင်းနိုင်ငံက တက်ရောက်မည်ဟု အတည် ပြုထား ပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့က တက်၊ မတက်ကို သေချာ ပြောဆို ခြင်း မရှိသေးကြောင်း AFP သတင်းအရ သိရှိရသည်။

ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်ကမူ ၎င်းအအနေဖြင့် နေပြည်တော်တွင် ပြုလုပ် မည့် အာဆီယံ လေတပ် ဦးစီးချုပ်ညီလာခံကို တက်၊ မတက် မှတ်ချက် ပေးရန် ငြင်းဆန်သည်။

JFM အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ လေတပ်၊ ကြည်းတပ်နှင့် ရေတပ်ကို တိုက်ရိုက် ဆက်လက် ထောက်ပံ့နေ‌သော အာဆီယံကို ပြင်းပြင်း ထန်ထန် ရှုတ်ချထားပြီး မြန်မာစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှု ၊ လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှု ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသော အကြမ်းဖက် စစ် တပ် ဖြစ်ကြောင်း ထောက်ပြထားသည်။

ဩဂုတ်လ၊ နေပြည်တော်တွင် ရုရှားနှင့် မြန်မာ ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ကျင်းပခဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင်မူ စင်ကာပူနိုင်ငံက တက်ရောက်ရန် ငြင်းပယ် ခဲ့သော တစ်နိုင်ငံတည်းသော အာဆီယံအဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့သည်။

လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုရှားတွင် အကြမ်း ဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်ပြီး ယင်းစစ်ဆင်ရေးကို အာဆီယံနိုင်ငံများအနေဖြင့် ငြင်းပယ်ကြရန် JFM က တောင်းဆိုထားသည်။

မြန်မာနှင့်နိုင်ငံတကာ လူမှု အဖွဲ့အစည်းများက အာဆီယံက မြန်မာ အကြမ်း ဖက်စစ်ကောင်စီနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားပြီး မြန်မာကို အာဆီယံကာကွယ်ရေးဝန်ကြီးများဆိုင်ရာ အစည်းအဝေးများနှင့် လှုပ်ရှားမှုများမှ ထုတ်ပယ်ရန် သပိတ်မှောက်ရန် တောင်းဆိုထားသည်။

“အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံကို တက်ဖို့ ငြင်းပယ်လိုက်တာက စစ်အုပ်စုကို သူတို့မှာအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှု မရှိဘူး၊ ဆုံးရှုံးနေတယ်ဆိုတာကို ထင်သာ မြင်သာ ထင်ရှားတဲ့ သတင်းစကားပေးလိုက်တာပါပဲ။ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ ရာဇ၀တ်စစ်တပ်က ဒေသဆိုင်ရာ ညီလာခံကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ မဖြစ်နိုင်ပါဘူး။ အခြားအာဆီယံလေတပ်အကြီးအကဲတွေဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို လိုက်နာပြီး တရားမ၀င် စစ်ကောင်စီနဲ့ AACC ညီလာခံကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်။ အာဆီယံ အနေနဲ့ စစ်ရာဇ၀တ်ကောင်ဖြစ်တဲ့ လက်ရှိ AACC ဥက္ကဋ္ဌ လေတပ် ဦးစီးချုပ် ထွန်းအောင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ လေကြောင်း တိုက် ခိုက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ အာဆီယံအနေနဲ့ မြန်မာ နိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ သူ့ရဲ့ကိုယ်ပိုင်ကတိကဝတ်တွေကို လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက် ပျက်ပြားစေတဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုနဲ့ ပံ့ပိုးမှု တွေကို ရပ်တန့်ရပါမယ်။ စစ်တပ်ကို ကာကွယ်ရေး အစည်းအဝေးတွေနဲ့ လှုပ်ရှားမှု တွေကနေ တားမြစ်ဖို့နဲ့ စစ်တပ်က ပါဝင်လာတဲ့အခါ တက်ရောက်ဖို့ ငြင်းဆိုဖို့ အာဆီယံ အဖွဲ့ဝင်တွေကို တောင်းဆိုပါတယ်။” ဟု JFM ပြောခွင့်ရ ပုဂ္ဂိုလ် ရတနာမောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article