28 C
Yangon

ပခုက္ကူမြို့နယ်ရှိ စစ်တပ်ဂိတ်နှင့် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပခုက္ကူမြို့နယ်ရှိ စစ်တပ်ဂိတ်နှင့် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်တပ်ဂိတ်နှင့်စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Middle Revolution Task Force(MRTF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန် ပခုက္ကူမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ကိုးပင်စက်ရုံဂိတ်ကို ဒရုန်းဖြင့် ဗုံး ၈ လုံးကျဲချခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ၊ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

နှစ်ရက်တာ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို Middle Revolution Task Force(MRTF)၊ (မြိုင်ပကဖ) ဗိုလ်လင်္ကျာ Drone အဖွဲ့၊ Thurain-RT Drone တပ်ဖွဲ့၊ Young Froe Droneတပ်ဖွဲ့၊ Shew Dar Bo Drone တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article