35 C
Yangon

KNU တပ်မဟာ ၅ နယ်​မြေတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

KNU တပ်မဟာ ၅ နယ်​မြေတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်​မြေတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က ခေးပူအုပ်စု၊ ဘောလေးဒဲဒေသ၊ တူဖိုးထာနေရာ၌ လာရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ခေးပူအုပ်စုရှိ အကြမ်းဖက် စစ်တပ် လာရောက် တပ်စွဲထားသော ဝါဘောထာ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် ခေးပူအုပ်စု အကြမ်းဖက် စစ်တပ် လာရောက်တပ်စွဲရာ ကွဲခူ၌ ၁ ကြိမ် နှင့် နံနက် ၁၁ နာရီခန့်တွင် လယ်ထောတွင် ၁ ကြိမ် ထပ်မံ ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လူသောမြို့နယ်၊ ခေးပူအုပ်စု၊ သေသူးခီးရွာအတွင်း ဗုံးကျဲတိုက်ခိုက်ရာ နေအိမ် ၁ လုံးပျက်စီးသွားပြီး ဆိတ် ၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၄၀ နှင့် ခမရ ၃၄၁ တပ်ရင်းများက ဖာပွန်မြို့အခြေစိုက် တပ်ရင်း ၁၉ ကို အင်အားဖြည့်တင်းရန် ရောက်ရှိလာပြီးနောက် ခလရ ၁၉ မှ ဘူးသိုမြို့နယ်အတွင်းရှိ ဘို့ထာကျေးရွာကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article