27 C
Yangon

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာ အနီးရှိ တောင်ပေါ်ကို စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ

Must read

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာ အနီးရှိ တောင်ပေါ်ကို စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ ကပိုင်ရွာ အနီးရှိတောင်ပေါ်ကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟု ကနဦး သိရကာ ဖြစ်စဥ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဒီနေ့ ၁၂ ခွဲလောက်က ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနောက်ဖက်တောင်ပေါ်ကို ပစ်တာ၊ ခရိုင်တပ် ရင်း ၃၆ က တစ်ဦးထိတယ်လို့ ကနဦးသိရတယ်၊ အတည်တော့မပြုနိုင်သေးဘူး” ဟု စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article