27 C
Yangon

ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မီးသတ်ရုံးရှိ စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မီးသတ်ရုံးရှိ စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မီးသတ်ရုံး၌ တပ်စွဲထားသော စစ် သားများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers တပ် ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ တွင်တစ်ကြိမ်၊ ၄ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် တစ်ကြိမ် ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မီးသတ် ရုံးတွင် တပ်စွဲကာ လမ်းပိတ်ပြီး မော်တော်ယာဉ်များကို စစ်ဆေးခြင်း၊ ဆဲဆိုရမ်းကားဖြင့် ၊ ပြည်သူများ ကို ရိုက်နှက်နှိပ်စက်ခြင်းတို့နေ့စဉ်နှင့်အမျှပြုလုပ်လျက်ရှိသည့် စစ်သားများကို မောင်းသူမဲ့ လေယာဉ် ငယ် အသုံးပြုပြီး ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရကြောင်း သိရသည်။

“တစ်ခေါက်ကို တစ်လုံးချခဲ့တာဗျ၊ ပြန်ပစ်တာမရှိပါဘူး၊ သူတို့ပြေးပုန်းနေရတာနဲ့ ပစ်ချိန်ကို မရတာ၊ စစ် ကြောင်းကမထွက်တော့ အင်အားက အတော်များတယ်၊ အဲဒီမှာပဲ ရှိနေကြတာ၊ အသေအပျောက်ရှိနိုင် ပေမယ့် တိတိကျကျ မသိရလို့ ပြောပြလို့မရတာပါ” ဟု Chindwin Brothers တပ် ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers ၊ B21 (ကနီ) ၊ မုံရွာခရိုင်တပ်ရင်း – ၁၆ ၊ နင်ဂျာတပ်ဖွဲ့၊ ဗိုလ်ပွကြီး၊ ဗိုလ်နားထိုင်း ၊ အုပ်ကြီးနှင့်အဖွဲ့၊ ကြေးမုံတပ်ဖွဲ့နှင့်အတူ ဒေသခံ (ပ.က.ဖ) များက ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article