30 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ ကန်ကြီးရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

ပေါက်ခေါင်းမြို့နယ်၊ ကန်ကြီးရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကန်ကြီးရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်ရှိ ကန်ကြီး နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ပေါက်ခေါင်းမြို့နယ်က ကန်ကြီးနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့တွေ ဝင်တိုက်တာ ရဲ ၅ ဦးသေတာတော့ အတည်ပြုလို့ရတယ်။ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး” ဟု ပဲခူးတိုင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ကြားရွာ အနီးတွင် စက်တင်ဘာ ၅ ရက်နေ့က အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

တိုက်ခိုက်မှုသည် မီတာ ၁၀၀ အတွင်း တော်လှန်ရေးအဖွဲ့များက အပေါ်စီးမှ ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးလဲကျသွားကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျားမင်းကြီးရွာမှ ဒေသပြည်သူ ၁ ဦးကို သတ်ဖြတ်သွားပြီး ပြည်သူပိုင်လပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း၊ အုန်းတောစစ်တပ်ထိ ပြည်သူ့လှည်းများကို ချောဆွဲသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“လှည်း ၇စီး။ ဓားစားခံတွေ ပြန်လွှတ်လိုက်တယ်။ အကုန်မတာ ဆန်၊ဆီ အဖိုးတန်ပစွည်း စစ်ခွေး လုသွားတယ်။ ဝက်လက်ကလာတဲ့စစ်ကြောင်းနဲ့ဆို အင်အား ၃၀၀နီးပါးနဲ့ စစ်ကြောင်းထိုးသွားတာ ။ မိုးကရွာနေတော့ သူတို့ ထင်တိုင်းပေါက်မသွားခဲ့ဘူး။ စစ်ကြောင်းကို အင်းစရွာထဲ ဗွက်နစ်နေလို့ ဒရုန်းနဲ့ ချတယ်”ဟု တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနောက်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article