27 C
Yangon

အလောင်းတော် ကဿပဘုရား သွားလမ်းပေါ်ရှိ ဘုရားဖူး များနားနေသည့် ပွင့်ကြီး စခန်းကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးပြီး အရပ်သား ၁ ဦး ကျည်ထိမှန်

Must read

အလောင်းတော် ကဿပဘုရား သွားလမ်းပေါ်ရှိ ဘုရားဖူး များနားနေသည့် ပွင့်ကြီး စခန်းကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးပြီး အရပ်သား ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော် ကဿပဘုရားသွားလမ်း ပေါ်ရှိ ဘုရားဖူးများနားနေသည့် ပွင့်ကြီးစခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီနှင့် ဇရပ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ယင်းကဲ့းသို့ တိုက်ခိုက် ရေး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဘုရား စေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်အမျိုးအစားက Mi35 ရဟတ်ယာဉ်အမျိုးအစားဗျ။ ဘာသတင်း ကြားလို့တော့မသိဘူး။ အကြောင်းမဲ့လာပစ်သွားတာ။ ထိခိုက်ပျက်စီးမှုကတော့ ဘုရားတွေနဲ့ကျောင်းဆောင်တွေပျက်စီးတယ်။ လူတစ်ယောက်လည်း ထိမှန်တယ် ဗျ။ ပစ်တာက ဘုရား‌ေကျာင်းနဲ့အနီးအနား ၅ မိုင်ပတ်လည်ကို ပစ်တာ။ သူတို့ပစ်တဲ့ဟာတွေကို ကျနော်တို့ အဝေးကနေအတိုင်းသား မြင်နေရတယ်ဗျ။ အဲဒီ အနီးအနားကို ဘာလို့ လေယာဉ်နဲ့လာပစ်တာလဲဆို တော့ဘုရားအနီးအနားကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ ဖြတ်သွား၊ ဖြတ်လာတာ တွေတော့မြင်ဘူးတယ်။ အဲဒါကြောင့်များ အခုလိုလာပစ်ခတ် တာလားမသိဘူး” ဟု ကပိုင်ရွာဒေသခံရွာသားတစ်ဦးက ပြောသည်။

မေလ၂၉ ရက် နေ့ကလည်း ပွင့်ကြီးစခန်းနှင့် ၆မိုင်ခန့်ကွာဝေးကွာသည့် ပိုင်ရွာနှင့် သီးကုန်းရွာများတွင် PDF စစ်ကြောင်းရှိသည်ဟုဆိုကာ ရဟတ် ယာဉ်ဖြင့် ပစ်ခတ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article