28 C
Yangon

ရေစကြိုမြို့၊ ကျောက်လှေကားစစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး

Must read

ရေစကြိုမြို့၊ ကျောက်လှေကားစစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေကားစစ်တပ်ဂိတ်ကို အာပီဂျီ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက် ပေးသွားသော တိုက်ခိုက်ရေးခေါင်းဆောင်ကိုဘငြိမ်းကို တစ်နှစ်ပြည့် အထိမ်းအမှတ် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ရေစကြို မြို့ နယ်ရှိ ကျောက်လှေခါးစစ်တပ် ဂိတ်စခန်းကို အာပီဂျီ ဖြင့် ပစ် ခတ်တိုက်ခိုက် တိုက်ပွဲပုံဖောက်ခဲ့ရာ RPG ဗုံးသီးမှာ စစ်တပ်စခန်းအတွင်း ကျရောက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

“RPG က စခန်းထဲကျပေမယ့် မကွဲဘူးဖြစ်သွားတာ၊ အသီးဟောင်းနဲ့ ငြားလို့ဖြစ်မယ်၊ RPG နဲ့ ပစ်တာ မကွဲတော့ ဂိတ်ထဲကနေ ထွက်လာပြီးတော့ ၄၀ မမ တွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ ထွက်လာ တဲ့အထဲက ဝဝဖိုင့်ဖိုင့် အင်္ကျီအဖြူရောင်ဝတ်ပြီး ကာဘိုင်သေနတ် ကိုင်ထားတဲ့ ပျူတစ်ဦးကိုတော့ အ သေ ပြန်ပစ်နိုင်ခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်မှုက ၃ မိနစ်လောက်ပဲကြာတယ်၊ ပြန်ဆုတ်လာခဲ့ရတာ၊ အတွင်းက ဖရဲသီးသတင်းအရ ပျူ ၂ ဦးသေတယ်ဆိုတာ သိရတယ်ဗျ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF ၊ ဘငြိမ်းပျောက်ကြားတပ်ဖွဲ့၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခံရမှုကြောင့် အ ကြမ်းဖက်စစ်သားများက ယခုအချိန်အထိ လုံးဝဖြတ်သန်းခွင့် မပေးဘဲ ပိတ်ထားဆဲဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article