“၃လနဲ့ ၆လကြားမှာ လူထုကို အင်တာနက်ပေးနိုင်မယ့်အနေအထားရှိပါတယ်။ နယ်အတော် များများ မှာ လုံခြုံစိတ်ချရတဲ့ Network ကို သုံးပြီး အင်တာနက်သုံးလို့ရတဲ့အနေအထားဖြစ်လာမှာပါ”
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
လက်နက်ကိုင်ခုခံမှု အများဆုံးဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့ နယ်တွေ ကို ၂၀၂၂ ခုနှစ် မတ်လကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက အင်တာနက် ဖြတ်တောက် ထား တာ ဟာ အခုချိန်ထိဆိုရင် တစ်နှစ်ခွဲကျော်ပြီလို ဆိုမှာဖြစ် ပါတယ်။
ပြည်သူတွေဆီ သတင်းစီး ဆင်းမှု နှေးကွေးအောင်နဲ့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင် ရာမှာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို ဖုံးကွယ်ဖို့အတွက် အင်တာနက်ဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီက အဲဒီလို အင်တာနက်တွေဖြတ်တောက်ထားချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ထားပြီး တော်လှန်ရေးအဖွဲ့တွေကြားမှာ အချင်းချင်း ဆက်သွယ်ဖို့နဲ့NUG ရဲ့ အုပ်ချုပ်ရေးယန္တယားတွေလည်ပတ်နိုင်ဖို့ဆောင်ရွက်ထားတာတွေနဲ့ ပြည်သူ လူထု ကိုပါ မကြာမီ ကာလအတွင်း အင်တာနက်အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတဲ့အကြောင်း တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှင့်တွေ့ဆုံမေးမြန်းထားတာကို တင်ဆက် လိုက်ပါတယ်။
