30 C
Yangon

လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်

Must read

လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသပြည်သူများ ဦးဆောင်ကာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲကို ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ စိုင်ပြင် နှင့် ဘုတလင် စသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ယက်ကုန်းတွင် ကျဆုံးခဲ့သည့် ကလေးသူငယ်များအတွက် တရားမျှတမှု ရရှိစေရန်၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ ကျဆုံးခဲ့သူများအတွက် ၅ မိနစ်ခန့် ငြိမ်သက်ဆုတောင်းများနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article