37 C
Yangon

ရွှေဘိုတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရွှေဘိုတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းမှ အင်အား ၃၀ ခန့်ဖြင့် ခြေလျင် ကင်းလှည့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းကို ရ​ွှေဘို-ကျောက်မြောင်း လမ်းပိုင်းရှိ သန်းထိုက်အောင် စက်သုံးဆီ ဆိုင်နှင့် ရွှေမိစက်သုံးဆီအရောင်းဆိုင် အကြား၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့၊ BLACK WOLF -ARMY တပ်ဖွဲ့နှင့် ရွှေဘိုသခင်ကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article