21 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးဒဏ်ရာရ၊ ဆားလင်းကြီးတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျည် ထိမှန်

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးဒဏ်ရာရ၊ ဆားလင်းကြီးတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျည် ထိမှန်

ရန်ကုန်၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ − ဗဟိုထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မူး(မုန်း) မြို့နယ် အုပ်ချုပ် နယ်မြေအတွင်းရှိ ဥသျှစ်ကုန်း ကျေးရွာအတွင်းကို နတ်သံကွင်း စခန်း၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ဦးသျှစ်ကုန်းရွာသားမှ အသက် ၃၄ နှစ်အရွယ် စောချစ်နာဘူး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ် ခန့်တွင် လယ်ပတ်၌ အခြေချထားသော အကြမ်းဖက် စစ်တပ်က ရေလဲဗမာကျေးရွာအတွင်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၆ နှစ်အရွယ် နော်ဖောလောအယ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကျွဲ ၁ ကောင်လည်း ထိခိုက် ဒဏ်ရာရရှိကာ ဝက်တဲ ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ကျောက်ကြီးမြို့နယ် အတွင်းရှိ နတ်သံကွင်းစခန်းမှ အကြမ်းဖက် စစ်သားများက စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် နတ်သံကွင်း ၆ ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် စောအယ်ထူး၊ အသက် ၄၇ နှစ်ရွယ် နော်ငွေသိန်း နှင့် အသက် ၁၆ နှစ်အရွယ် စောသတင်းထူးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမှ ဆားလင်းကြီးသို့ ကူးလားသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင် ကား ၆ စီးသည် ညောင်ပင်ကြီး ရဲစခန်းအတွင်းကို ရောက်ရှိလာပြီး ဝမ်ပေါင်သို့ ထွက်ခွာလာစဥ် ရဲစခန်းအနီးတွင် နေထိုင်သည့် ပြည်သူ ၁ ဦးကို စစ်သားများက ပစ်ခတ်ခဲ့သောကြောင့် လက်မောင်းကို ကျည်ထိမှန်ကာ ဒဏ်ရာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article