25 C
Yangon

KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့

Must read

KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၉

KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း KNU ဗဟို ကထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က ငထွေစုပ်ကျေးရွာအတွင်း ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်သားများ သည် ကျေးရွာအတွင်းနေထိုင်စဉ် ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ နေအိမ် ၂၃ လုံး၊ စပါးကျီ ၃ လုံး နှင့် နွားတင်ကုတ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း၌ M-14 နင်းမိုင်းများကို ထောင်ထားခဲ့ရာ နွားတစ်ကောင်နင်းမိုင်းမိပြီးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့က ပြန်ထွက်သွားရာ ဖမ်းဆီးထားသော ပြည်သူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများ ပြန်လည် ထွက်ခွာသွားပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (K.N.L.A) နှင့် ပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းရေး လုပ်ငန်များလုပ်ဆောင်ပေးလျက်ရှိရာ ယခုအချိန်အထိ နင်းမိုင်း ၁၂ လုံးကို ဖယ်ရှားပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article