25 C
Yangon

ကရင်နီတွင် စစ်တပ်က နည်းပညာမြင့် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ အသုံးပြုရန် ပြင်ဆင်နေ

Must read

ကရင်နီတွင် စစ်တပ်က နည်းပညာမြင့် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ အသုံးပြုရန် ပြင်ဆင်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးအရ မရှုမလှ ရှုံးနိမ့်နေသည့် ကရင်နီ ပြည် နယ်တွင် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ ကို အသုံးပြုရန် ပြင်ဆင်မှုများရှိနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို ကရင်နီပြည် နယ် ဘက်မှ အင်အားစုများက ရောက်ရှိ ခြိမ်းခြောက်လာနိုင်သဖြင့် ကရင်နီ ပြည် နယ်အတွင်း စစ်ရေးအရ အသာရစေရန် အတွဲလိုက် ဒုံးပစ်ကားများ၊ MAM-03 MLRS Multiple Rocket Launcher ကားများကို အသုံးပြုရန် ပြင်ဆင်မှု များ ရှိလာကြောင်း သိရှိရသည်။

“စစ်ရေးအရ ကရင်နီဘက်ကို ဟန့်တားနိုင်ဖို့ လေကြောင်း၊ ကုန်းကြောင်း ဖြစ်နိုင်သမျှ အင်အားတိုးမြှင့်သုံးစွဲဖို့ ညွှန်ကြားထားတာတွေရှိပါတယ်။ MLRS အတွဲလိုက်ဒုံးတွေကတော့ ရှေ့မှာလည်း သုံးခဲ့တာရှိပါတယ်။ အခုက နောက်ဆုံး MAM-03 MLRS Multiple Rocket Launcher တွေပါ ထုတ်သုံးဖို့ လုပ်လာတာ။ နောက်ဆုံး နည်းပညာသုံးတဲ့ အတွဲလိုက်ဒုံးပစ်လက်နက်တွေပါ ထပ်သုံးဖို့ ပြင်နေတာတွေရှိတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ထားသော နေပြည်တော်ကို ကရင်နီ တော်လှန်ရေးအင်အားစုများက ခြိမ်းခြောက်လာနိုင်သဖြင့် ဖြစ်နိုင်သမျှ ကရင်နီ တော်လှန်ရေး အင်အားစုများဘက် ထိုးစစ်များ မဆောင်ရွက်နိုင်ရန် ဟန့်တားရန် စစ်ကောင်စီဘက်က စစ်ရေးအရ ပိုမိုအင်အားတိုးမြှင့် သုံးစွဲလာရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article