36 C
Yangon

မူဆယ် နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ ပခုက္ကူတွင် စစ်တပ် ယာဥ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မူဆယ် နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ ပခုက္ကူတွင် စစ်တပ် ယာဥ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်၊ မူဆယ် မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီ တပ် များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၅ နာရီခန့်အချိန် မူဆယ်မြို့နယ်၊ ကောင်း ရာ ရွာမှ တအာင်းတပ်မ တော်ရှိ ရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်လက်အောက်ခံ တပ်မ – ၉၉၊ ခြေမြန်ရင်း – ၄၁၉ နှင့် ပြည်သူ့စ စ်ပူးပေါင်းတပ် တို့ကို တအာင်းတပ်မတော်က လွယ်ကျယ်လော့အနီး တွင် ခုခံတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီးသို့ စစ် အင်အား ဖြည့် တင်းလာသည့် စစ်ကောင်စီတပ် စကခ – ၁၇၊ ခမရ – ၅၇၄၊ ၅၇၇၊ ရမခ၊ ခလရ – ၄၅ နှင့် ပြည်သူ့စစ်ပူး ပေါင်းတပ်တို့ကို တအာင်းတပ်မတော်က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တိုက်ဖြစ်ပွားခဲ့သည့် ကျေးရွာများအနီး သို့ စစ်ကောင်စီတပ် လွယ် ကျယ် လော့ နှင့် နမ့်ဖက်ကာ တပ်စခန်းများက လက်နက်ကြီးဖြင့် အကြိမ် ၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ မူဆယ်မြို့ ဆိုင်ခေါင်ရွာအနီး နှင့် ကွတ်ခိုင်မြို့ ခိုမုန်းရွာ အနီး စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တစ်နေ့ လုံးနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ လွယ်ကျယ်လော့ ၊ ၁၀၅ မိုင်နှင့် နမ့်ဖက်ကာရှိ စစ်တပ်များက တိုက်ပွဲဖြစ် ပွားသည့်နေရာနှင့် မူဆယ် နာထန်၊ မာန်ကန်နှင့် ကွတ်ခိုင် ခိုမုန်းရွာအနီးသို့ လက်နက်ကြီး ဖြင့် ၆၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ၃ ဦး သေ ဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ ပြည်သူ့နေအိမ်များနှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့အထိ စစ်ကောင် စီ တပ်နှင့် တအာင်းတပ်မတော်တို့ အကြား တိုက်ပွဲစုစုပေါင်း ၅၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်(ပျူ)ရွာနှင့် ကန်တော် ရွာ အကြား စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိ ခိုက် သေဆုံးမှုရှိနိုင်ကြောင်း၊ ကျည်ဆံများနှင့် ကျည်အိမ်တစ်ခု သိမ်းဆည်း ရရှိခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန် အထိ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ် ကြောင်း နှင့် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်ယာဉ် တန်း ကို ဒရုန်းဖြင့် ဗုံး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံး မှု ရှိနိုင်ကြောင်း၊ ၅ ဒသမ ၅၆ ကျည် ၁၆ တောင့်နှင့် ကျည်အိမ်တစ်ခု သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထိုစစ်တပ်စစ်ကြောင်းက ကမ္မမြို့မှ ပြည်သူပိုင်ပစ္စည်းများကို ကား ၃ စီးဖြင့် ပခုက္ကူ တပ်မ ၁၀၁ ထဲသို့ ခိုးယူသယ်ဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Cobra နှင့် PKU Thurian အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article