25 C
Yangon

မုံရွာမြို့နယ်၊ ကျွန်းရွာသစ်ရွာ အနောက်ပိုင်းသို့ စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

Must read

မုံရွာမြို့နယ်၊ ကျွန်းရွာသစ်ရွာ အနောက်ပိုင်းသို့ စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ နဂါးတွင်းနှင့် ကျွန်းရွာသစ်ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းက ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန် ဝင်ရောက်ကာ ကျွန်းရွာသစ် အနောက်ပိုင်းသို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အပျက်အစီးကတော့ သိပ်မရှိဘူးဗျ ။ စခန်း ၂ ခုရယ်၊ ဆိုင်ကယ် ၂စီးရယ်၊ ဈေးဆိုင် ၄ ဆိုင်ခန့်ဖောက်ခံရတယ်။ ရွာထဲ ကားလမ်းပေါ် လက်နက်ကြီးကျတယ်”ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုံရွာမြို့နယ်၊ နဂါးတွင်းနှင့် ကျွန်းရွာသစ်ရွာသို့ ဝင်ရောက်ခဲ့သည့် ပထမ စစ်ကြောင်းက ယနေ့ နံနက် ၁၁ နာရီ ဝန်ကျင်တွင် ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒုတိယစစ်ကြောင်းမှာ ညောင်ပင် သာဂိတ်မှ တစ်ဆင့် မအူဂိတ်သို့ ဝင်ရောက်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်ရှိ ပြည်သူများ၏ နေအိမ် များကို စစ်တပ်က ယခုနှစ်အတွင်းမီးတင်ရှို့ခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article