25 C
Yangon

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်တပ်ထောင်ထား‌သော မိုင်းတက်နင်းမိ၍ ပြည်သူတစ်ဦး ခြေထောက်ဖြတ်ရ ၊ တန့်ဆည်တွင် ပြည်သူတစ်ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်တပ်ထောင်ထား‌သော မိုင်းတက်နင်းမိ၍ ပြည်သူတစ်ဦး ခြေထောက်ဖြတ်ရ ၊ တန့်ဆည်တွင် ပြည်သူတစ်ဦးကို စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်တပ်ထောင်ထားသော မိုင်းတက်နင်းမိ၍ ပြည်သူ တစ်ဦး ခြေထောက် ဖြတ်လိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ လက်ပံကျေးရွာ ၊ ကမ်းနားပိုင်း သ င်္ချိုင်း အနီးရှိ ၊ လယ် ကန်သင်းရိုး တွင် စစ်တပ်က ထောင်ထားသော နင်းမိုင်း ကို နင်းမိသဖြင့် လက်ပံရွာမှ အသက် ၄၈ နှစ် ဦးလှထွန် ခြေထောက် ဖြတ်လိုက်ရကြောင်း၊ ဦးလှထွန်းသည် ငါးပိုက်တားပြီး ပြန်လာချိန်တွင် မိုင်းနင်းမိပြီး ညာခြေကျင်းဝတ်မှ ပြတ်တောက်သွားခဲ့ကြောင်း၊ ဘယ်ဘက်ပေါင်အောက်ဘက် နှင့် ခြေသလုံးကြွက်သားများ၊ ၊

ညာဘက်လက်တို့မှာလည်း မိုင်းအစအန များ ထိမှန်ခဲ့ကြောင်း ဒဏ်ရာ အပြင်းအထန်ရ၍ ပဲခူးဆေးရုံ သို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာမှ အသက် ၆၈ နှစ်ခန့် အဘိုးအိုတစ်ဦးကို စစ်တပ်က စစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Taze News ထံမှ သိရသည်။

စက်တင်ဘာ ၂၃ ရက် နေ့ စစ်ကြောင်းက ရွှေတကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ဝင်ရောက်ခတ်စဥ် ကျေးရွာအရှေ့ တောတဲတွင် နေထိုင်သော အသက် ၆၈နှစ်အရွယ်ရှိ အဘိုးအို ဦးပြား ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က အဘိုးအို၏ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်လိုက်ကြောင်း သိရှိရသည်။ ။

စစ်တပ်က စစ်ကြောင်းဝင်ရောက်စဥ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပတ်ခတ်သဖြင့် ရွှေတကျေးရွာမှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးလည်း ခြေထောက်ကျည်ထိဒဏ်ရာများနှင့် ဆေးကုသမှုခံ ယူနေရ ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ အချိန် တန့်ဆည်မြို့နယ်၊ သဲကုန်း ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မိုင်းမိ၍ ညာခြေထောက် ပျက်စီးသွားသော ဦးလှထွန်း ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article