25 C
Yangon

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု F 7 တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့ဟုဆို

Must read

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု F 7 တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ယမန် နေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့ကြောင်း ကချင် ပြည်နယ်အခြေစိုက် တော်လှန်ရေး ပြောက် ကျားတပ်ဖွဲ့မှ ဗိုလ်တောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းကို ၉၀ မမ ၂ လုံး၊ ၁၀၇ မမ ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးများသည် မြစ်ကြီးနားလေတပ်စခန်းထဲသို့ ကျရောက်ပေါက်ကွဲပြီး တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့သည်ဟု လေတပ်အတွင်းသတင်းရင်းမြစ်ထံမှ သိရှိရကြောင်း ဗိုလ်တောက်က ပြောဆိုသည်။

“တပ်တွင်းသတင်းအရတော့ F 7 တိုက်လေယာဉ် ၂ စီး ထိမှန် ပျက်စီးမီး လောင်တယ်လို့ သိရတယ်။ လေကြောင်း ဆက်သွယ်ရေး တာဝါတိုင်လည်း ထိတယ်။ ထိတာကတော့ ကောင်းကောင်းထိတာ” ဟု ဗိုလ်တောက်က ပြောဆိုသည်။

မြစ်ကြီးနားလေဆိပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်မှုကြောင့် F 7 တိုက် လေယာဉ် ၂ စီး ထိမှန်ပျက်စီးသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး စစ်တပ် ဘက်မှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

မြစ်ကြီးနားလေတပ်နှင့်နီးစပ်သော ရပ်ကွက်များတွင် နေထိုင်သော ပြည်သူ တချို့က ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်တွင် မြစ်ကြီးနား လေတပ် အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်း အတည်ပြု ပြောဆို ကြသဖြင့် ရှော့တိုက်ဒုံးများ လေတပ်အတွင်း ကျရောက်ပေါက်ကွဲမှုကို ရန်ကုန် ခေတ်သစ်က အတည်ပြုနိုင်ခဲ့သည်။

သို့ရာတွင် တိုက်လေယာဉ် ၂ စီးပျက်စီးမှု၊ လေတပ်ဆက်သွယ်ရေးတာဝါတိုင် ရှော့တိုက်ဒုံး ထိမှန်မှု အခြေအနေများကို အသေးစိတ် အတည်ပြုနိုင်ရန် ရန်ကုန် ခေတ်သစ်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

” F 7 ကတော့ အမောင်းသင်အဖြစ် သုံးတာရှိသေးတယ်။ အခုနောက်ပိုင်းတော့ F 7 တွေ တိုက်ခိုက်ရေးမှာ သုံးတာ အရမ်းနည်းတယ်။ လေတပ် တော်တော် များ များမှာတော့ F 7 တိုက်လေယာဉ်တွေတော့ ရှိနေသေးတယ်။ အရမ်းဒိတ် အောက်နေပြီဖြစ်လို့ တိုက်ခိုက်ရေးမှာ သုံးတာ နည်းလာတာ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် မှာတင်ကို F 7 က မကြာခဏ ပျက်ကျလို့ ပိုင်းလော့တွေလည်း သေခဲ့ရ တယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက အသုံးပြုနေသည့် တရုတ်လုပ် F 7 တိုက် လေယာဉ် ၁စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article