25 C
Yangon

သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

Must read

သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီး မြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှတစ်ဆင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခဲ့​သော​ကြောင့် အသက် ၈၀ အဖွားအို ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိူးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အသက် ၈၀ အရွယ် အဖွားအို သည် ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် အသက်န္တရာယ်စိုးရိမ်ရ​ကြောင်း သိရှိရသည်။

သံတောင်ကြီး မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် စိုက်ပျိုး ရိတ်သိမ်း ကာလ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ များကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ​လေကြောင်း တိုက် ခိုက်မှုများနှင့် မြေမြုပ်မိုင်းများ ထောင်သွားသောကြောင့် ပြည်သူများ နေရပ် မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article