25 C
Yangon

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ၊ မုံရွာမြို့နယ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

Must read

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ၊ မုံရွာမြို့နယ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့​အထွက်ရှိ စစ်တပ်ဂိတ်နှင့် ရွှေကျီးမင်း စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ (YE U People’s Defence Force) ထံမှ သိရသည်။

ယနေ့စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်က အကြမ်းဖက် စစ်သား၊ ပျူစောထီး၊ ရဲများ ပူးပေါင်းပြီး ဆက်ကြေးကောက်ရန် ဖွင့်လှစ်ထားသော ရေဦးမြို့မြောက်ဘက်အထွက်ရှိ စစ်ရေးရေး ဂိတ် နှင့် အနောက်မြောက်ဘက်အထွက်ရှိ ရွှေကျီးမင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (YE U People’s Defence Force ) နှင့် မဟာ မိတ်တပ်ရင်းများ ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်မှ ပြန်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း Brave Heart Army – BHA ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က ဗောဓိတထောင်အရှေ့ဘက်သို့ စစ်ကြောင်းထိုးရန် မုံရွာမြို့မှ ကား ၇ စီးဖြင့် အကြမ်းဖက်စစ်သားများသွားရောက်ပို့ဆောင်ပြီး ဗောဓိတထောင်မှ မုံရွာမြို့သို့ ပြန်လည်သော ကား ၇ စီးအနက် ပထမဆုံးကာ တစ်စီးကို ပဒေသာမိုင်း ၄ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Brave Heart Army-BHA အဖွဲ့နှင့်Chindwin Fighter Group တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article