28 C
Yangon

မြန်မာနိုင်ငံတွင် အလုပ်မရှိ၍ တရုတ်ပြည်သွား အလုပ်လုပ်လိုသူများ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်တွင် နယ်စပ်သွားလာခွင့် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၁၀ သိန်းမှ ၁၈ သိန်းအထိ ပေးနေရ

Must read

မြန်မာနိုင်ငံတွင် အလုပ်မရှိ၍ တရုတ်ပြည်သွား အလုပ်လုပ်လိုသူများ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်တွင် နယ်စပ်သွားလာခွင့် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၁၀ သိန်းမှ ၁၈ သိန်းအထိ ပေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်တွင် နယ်စပ်သွားလာခွင့် နိုင်ငံကူးလက် မှတ်(စာအုပ်အနီ) ရရှိရန် ငွေကျပ် ၁၀ သိန်းမှ ၁၈ သိန်း အထိပေးနေရကြောင်း ကန်ပိုက်တီမြို့ ရောက်နေသူပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်မရှိသဖြင့် တရုတ်ပြည်အတွင်းသို့ သွားရောက် အလုပ် လုပ်ကိုင်မည့်သူများ အနေဖြင့် ကန်ပိုက်တည်နယ်စပ်ဂိတ်ကို ဖြတ်သန်း ရာတွင် ဖြတ်သန်းသွားလာခွင့်လက်မှတ် (စာအုပ်အနီ) လုပ် ဆောင် ကြရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ လူဦးရေ စုစုပေါင်း ၅၂၀၀ ဦးကို စာ အုပ် အနီများ လွယ်ကူစွာ ပြုလုပ် ပေးခဲ့ပြီး မေလ ၁၂ ရက်နေ့တွင် ရပ်နားခဲ့ကြောင်း၊ ထို့သို့ ရပ်နားခဲ့ပြီး လေးငါးရက်ခန့် အကြာတွင် စာအုပ် အနီတစ်အုပ်လျှင် ကျပ် တစ်သိန်းခွဲမှ စ၍ ပွဲစားများမှ တဆင့်လုပ် ကိုင်စေခဲ့ကာ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံကူးလက်မှတ်စာအုပ်စျေးနှုန်းသည် ကျပ် ၅ သိန်း အထိ ဈေးတက်ခဲ့ကြောင်း၊ ကန်ပိုက်တီမြို့သို့ ရောက်ရှိလာသူများ သည် မြန်မာ နိုင်ငံ အနယ်အရပ်ရပ်မှ ဖြစ်ပြီး စာအုပ်အနီရရှိရန်နှင့် အလုပ် အကိုင် ရရှိ ရန် ချိတ်ဆက်ပေး သူ(ပွဲစားများကို) ကျပ် ၇ သိန်း၊ ၁၃ သိန်း၊ ၁၅ သိန်းစသည်ဖြင့်ပေးဆောင်ကြရကြောင်း သိရသည်။

“မြန်မာပြည်မှာအလုပ်မရှိလို့ တရုတ်ပြည်ထဲအလုပ်သွားလုပ်မယ့်သူတွေ နိုင်ငံကူး လက်မှတ် အခက်တွေ့နေပါတယ်။ အရင် ကိုဗစ် ကာလမတိုင်ခင်က ငွေ ၃၀၀၀ ပဲ ပေးရတဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ် စာအုပ်တအုပ်က အခု ၁၀ သိန်းကနေ ၁၈ သိန်းအထိ ပေးလုပ်နေရပါတယ်၊ ကန်ပိုက်တီဂိတ်မှာ လူမများ ဘူး ဗျ။ ဂိတ်ထဲ အဝင်မခံ ဘူးပွဲစားနဲ့ လုပ်မှရတယ်”ဟု ကန်ပိုက် တီ မြို့သို့ ရောက်ရှိနေသည့် ပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် ကန်ပိုက်တီမြို့တွင် နိုင်ငံကူးလက်မှတ် စာအုပ်ပြုလုပ်ပြီး တရုတ် နိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူ ပြည်သူ ၄၀၀ ခန့်ရှိနေပြီး နေအိမ်၊ ဘုရားကျောင်း၊ ခန်းမ၊ ဂိုဒေါင်စသည်တို့တွင် ဖြစ်သလို နေထိုင်ကြ ရကြောင်း တည်းခိုးခ အဖြစ် တစ်ညလျှင် ၅၀၀၀ ကျပ်၊ ဧည့်စာရင်းတိုင်ခအဖြစ် ၁၀၀၀ ကျပ် ပေးနေကြရကြောင်း၊ ၁ လကျော်ကြာမြင့်သည်အထိ နိုင်ငံကူး လက်မှတ်ရရှိရန် စောင့်ဆိုင်းနေကြရသဖြင့် အခက်အခဲကြုံတွေ့နေ ကြရ ကြောင်း သိရသည်။

“စာအုပ်အနီတွေ ပြုလုပ်ပေးမှု ရပ်တန့်ထားမယ်ဆိုရင်လည်း လုံးဝမလုပ်ပါနဲ့။ တကယ်လို့ စာအုပ် လုပ် ပေးမယ်ဆိုရင်လည်း အရင်အတိုင်း တရားဝင် ပြုလုပ် ပေးစေချင်ပါတယ်၊ လောလော ဆယ် စာအုပ် လုပ်မယ်ဆို ၅ သိန်းလောက် ပေါက်ပါတယ်။ ပိုက်ဆံချေးငှါးပြီးလာရသူတွေ အတွက် အရမ်း ဒုက္ခရောက် နေကြလို့ပါ။ တရားဝင်စာအုပ် လုပ်ပေးချိန်ကလည်း ၁၅၀၀၀ ပဲပေးရပါတယ်ဗျ” ကန်ပိုက်တးမြို့နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုင်ငံကူးလက်မှတ် ရရှိပြီး၍ တရုတ်နိုင်ငံသို့ သွားရောက်သူများကိုလည်း မြန်မာ- တ ရုတ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းထိပ်တွင် စစ်တပ်၊ ရဲ၊ လူကုန် တား ၊ ထွေအုပ်၊ မီးသတ် စသည့် ဌာန ဆိုင်ရာဝန်ထမ်းများက လူတစ်ဦးလျှင် ငွေကျပ် ၂ သောင်းကျပ်နှုန်း ထပ်မံ ကောက်ခံလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article