30 C
Yangon

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ရေးနှင့် အုပ်ချုပ်ရေးကို KNU နှင့် မဟာ မိတ် တပ်ပေါင်းစုက ပိုမို ထိန်းချုပ်လာနိုင်ပြီး ရန်ကုန်-နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေးကို တိုက်ရိုက် ခြိမ်းခြောက်

Must read

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ရေးနှင့် အုပ်ချုပ်ရေးကို KNU နှင့် မဟာ မိတ် တပ်ပေါင်းစုက ပိုမို ထိန်းချုပ်လာနိုင်ပြီး ရန်ကုန်-နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေးကို တိုက်ရိုက် ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီက စစ်ရေးနှင့်အုပ်ချုပ်ရေးများကို လက် လွှတ် နေရပြီး KNU နှင့် မဟာမိတ်တပ်ပေါင်းစု က ပိုမိုထိန်းချုပ် လာနိုင် ကြောင်း၊ ရန်ကုန်-နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေးကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က အစီရင်ခံစာတစ်ရပ် ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစတင်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ စစ်ကောင်စီ၏ တပ်စခန်း ၆၂ ခုကို KNU/KNLA နှင့် မဟာမိတ်များက ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံ အရှေ့ တောင် ပိုင်းတွင် ထိန်းချုပ်နိုင်စွမ်းသည် စစ်ရေးနှင့် အုပ်ချုပ်ရေး နှစ်ခုစလုံးတွင် သိသိသာသာ မှေမှိန်ကျဆင်း လာသည်ကို သက်သေပြနေကြောင်း အစီရင်ခံ စာက ဆိုသည်။

စစ်ကောင်စီ လက်အောက်ရှိ ပညာရေးကျောင်း ၃၇၀ သည် KNU ပညာရေး ဌာန၏ စီမံမှုအောက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်က ဆုံးရှုံးသွား သော နယ်မြေများ ပြန်လည်ရရှိရေး လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေ ကြောင်း တိုက်ခိုက်ခြင်းများ ဆောင်ရွက်သော်လည်း ၎င်းတို့နယ်မြေများ ပြန်မရနိုင်တော့ကြောင်း၊ KNLA နှင့် မဟာမိတ်တပ်ပေါင်းစုသည် ထိန်းချုပ် နယ်မြေများကို တိုးချဲ့လာပြီး ယခုအခါ စစ်အုပ်စု၏ ရန်ကုန်နှင့် နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေး ဗဟိုသွေးလွှတ်ကြောကို တိုက်ရိုက် ခြိမ်းခြောက် လာနိုင်ကြောင်း အစီရင်ခံက ပြောသည်။

သို့ရာတွင် စစ်ဘေးရှောင်အရေအတွက် ၆၃၇ ,၄၁၄ ဦး ရှိလာပြီး ယခုနှစ် ဖေဖော် ဝါရီ လမှ စတွက်လျှင် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း ၊ အဆိုပါ ဒုက္ခသည် များကို ကူညီရန် အမေရိကန်ဒေါ်လာ ၄၂ သန်း အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းကားပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ လက်နက်ကြီး အကြိမ်ရေ ၁၁၇၈ ကြိမ် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၈၈ ဦး သေ ဆုံး ကြောင်း၊ ဒဏ်ရာရရှိသူ ၃၄၂ ဦးရှိကြောင်း ၊ လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက် မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ ဗုံးကျဲမှု အကြိမ်ရေ ၄၁၇ ကြိမ်ရှိပြီး သေဆုံးသူ ပြည်သူ ၄၁ ဦး၊ ဒဏ်ရာရရှိသူ ၁၄၅ ဦးရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article