35 C
Yangon

ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်မှ တာဝန်ရှိသူများနှင့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး တို့တွေ့ဆုံ ဆွေးနွေး

Must read

ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်မှ တာဝန်ရှိသူများနှင့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး တို့တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၇

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ Mr.Eamon Gilmore နှင့် စက်တင်ဘာ ၂၆ ရက်နေ့တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်းသည့် လူသားချင်းစာနာထောက်ထားမှု အကူညီများရရှိနိုင်ရေး အခြေအနေများ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးအပေါ် ရှုမြင်သုံးသပ်မှုများ အပြင် ကုလသမဂ္ဂနှင့် အာဆီယံ၏ မြန်မာ့နိုင်ငံရေးအပေါ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၊ ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta နှင့်လည်း တွေ့ဆုံ၍ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နိုင်ငံတကာရေး ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြပြီး ဥရောပပါလီမန်က ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များ ပိုမိုထိရောက်ရန်နှင့် အကြမ်းဖက်မြန်မာစစ်အုပ်စုကျုးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ပေါ်ထွန်းလာစေရန်အတွက် ဆွေးနွေးခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article