35 C
Yangon

ပေါင်မြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ပေါင်မြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်စွဲထားသောနေရာများကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေ ရဲစခန်းမှ နယ်ထိန်း ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၌ တပ်စွဲထားသော စစ်သားများကို အဝေးထိန်းဒရုန်းဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ၂ ဦး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ပေါင်မြို့နယ် ရဲစခန်းမှ နယ်ထိန်း ၁ ဦးကို အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံး ၁ လုံးနှင့် ဓား ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၁ ၊ တပ်ရင်း ၂ မှရဲဘော်များ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)၊ ပကဖ အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article