35 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို KNU နဲ့ မဟာမိတ် တပ်ပေါင်းစုတွေကနေ ပိုမို ထိန်းချုပ်လာနိုင်ပြီး ရန်ကုန်-နေပြည်တော် အကြား သယ်ယူပို့ဆောင်ရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက် နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN ကနေ အစီရင်ခံစာတစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။

– မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေး နဲ့ တော်လှန် ရေး အောင်မြင်စေရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ NLD က ပူးပေါင်း ဆောင်ရွက်နေတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

– စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်း-ကျေးရွာမှာ အကြမ်းဖက် စစ်တပ်က တော်လှန်ရေးရဲဘော် ၁ ဦး နဲ့ အရပ်သား ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ခြေ၊ လက်၊ ဦးခေါင်းတွေကို ဖြစ်ပြီး သတ်ဖြတ်သွားတဲ့အပြင် ၊ သေဆုံး သူတစ်ဦးရဲ့ နဖူးမှာ “ကျားဘီလူး စစ်ကြောင်း”ဆိုတဲ့ စာကိုပါ ရေးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article