29 C
Yangon

ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံးပြိုကျ ပြီး ကားတစ်စီးပါ ပျက်စီး

Must read

ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံးပြိုကျ ပြီး ကားတစ်စီးပါ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိကာ အိမ် ၂ လုံးပြိုကျပြီး ကားတစ်စီးပါ ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာသို့ လက်နက်ကြီးကျည် ၂ လုံးကျရောက်လာပြီး အိမ် ၂ လုံးပေါ်သို့ ကျရောက်ကြောင်း၊ လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း၊ လက်နက်ကြီးကျသည့် အိမ် ၂ လုံးမှာလည်း ပြိုကျသွားပြီး ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ စစ်တပ် အသုံးပြုသော လက်နက်ကြီးကျည်အမျိုးအစားဖြစ်ပြီး တပ်ရင်းအမှတ်များကို ဖျက်ထားကြောင်း၊ ကနာလိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“လက်နက်ကြီးကျည်ထိသွားတဲ့ ကလေးငယ်ကတော့ ဒဏ်ရာများတယ်။ အခုဆေးရုံပို့ထားပါတယ်။ အိမ် ၂ လုံး ကျေမွ ပျက်စီး သွားတယ်။ လူ ၃ ယောက် ထိသွားတယ်။ ကားတစီးလည်း ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article