25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက PDF တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေ၊ တပ်နဲ့ရဲထိပ်ပိုင်းအရာရှိကြီးတွေရဲ့ သဘောကျ နှစ်ခြိုက်မှုရရှိသူတွေအပါအဝင် ရဲအရာရှိ ၉၂ ဦးကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာ ရာထူးတိုးပေးမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်ဆီက သိရပါတယ်။

– စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီးမှာ စစ်တပ်ရထား မိုင်းဆွဲခံရပြီးနောက် ကံကြီးကုန်း ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးတင်ရှို့နေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်သတင်း ဌာနကိုပြောပါတယ်။

– ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအနီး ဘုရားကိုးဆူကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဓနု လွတ်မြောက်ရေးတပ်ဦး–DPLFဆီကသိရပါတယ်။

– မလေးရှားပို့ဆောင်ပေးမယ်လို့ဆိုပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၆ ဦးဆီကနေ ငွေကျပ် သိန်းပေါင်း ၁၇၀၀၀ ကို သူရနိုင်အောင်ကုမ္ပဏီက လိမ်လည်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article