25 C
Yangon

နွေဦးတော်လှန်ရေး ထိုးစစ် အရှိန် ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲသွား ရန်ရှိ နေပြီး ကျေးလက်မှ မြို့ပြဆီသို့ မဟာဗျူဟာဖြင့် ထိုးစစ် အကြိုကာလ ရောက် ရှိနေ

Must read

နွေဦးတော်လှန်ရေး ထိုးစစ် အရှိန် ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲသွား ရန်ရှိ နေပြီး ကျေးလက်မှ မြို့ပြဆီသို့ မဟာဗျူဟာဖြင့် ထိုးစစ် အကြိုကာလ ရောက် ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများတွင် စစ်ရေးအရ အောင်မြင်မှုများစွာ ရှိနေပြီး တော်လှန်ရေး ထိုးစစ် အရှိန် တစ်ဆင့်ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲ ပြိုကွဲသွားရန်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြော ရေး ဆိုခွင့်ရှိသူ ဒုအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောဆိုလိုက် သည်။

နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ နှစ်ပတ်တစ်ကြိမ် တင်ပြ ထုတ်ပြန် သည့် အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

“တော်လှန်ရေး အင်အားစုတွေ မဟာမိတ်အင်အားစုတွေနဲ့ ဒေသခံတော်လှန် ရေး အင်အားစုတွေရဲ့ ထိုးစစ်အရှိန်ကို နောက်တစ်ဆင့်သာ မြှင့်လိုက်မယ် ဆိုလို့ ရှိရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပိုပြီးတော့ ပြိုလဲသွားဖို့ ပြိုကွဲသွား ဖို့ရှိတယ်ဆိုတာကိုလည်း ထပ်လောင်းပြီးတော့ တင်ပြချင်ပါတယ်။ အကြမ်း ဖက် စစ်တပ်ပြိုလဲပျက်စီးလာတာနဲ့ အမျှ ပြည်သူ့ကာကွယ်ရေး တပ်မတော် အနေနဲ့ကလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ အတွက်ကို နေရာစုံ ထောင့်ပေါင်းစုံကနေ အဆင်သင့်ရှိနေပါပြီ။ မကြာခင် ကာလ မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ပူပေါင်း ပါဝင် ပူးပေါင်းအားနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင် တော့ မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက်ကို ပိုပြီးတော့ ပူးပေါင်းပါဝင်ဖို့ အတွက် ကို တိုက်တွန်းချင်ပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။

စစ်အာဏာရှင် တော်လှန်ရေး ခုခံ တော်လှန်စစ်သည် ၂ နှစ်ပြည့်မြောက်ခဲ့ပြီး အဆင့်ဆင့် အသွင်ပြောင်းနေရာ ယခုဒုတိယအဆင့်တွင် ထိုးစစ်အကြိုကာလ ကို အသွင်ပြောင်းခဲ့ပြီဖြစ်ကြောင်း ၊ ကျေးလက်ဒေသ အများအပြားကို စိုးမိုး ထားနိုင်ပြီး ကျေးလက်မှတ်သည် မြို့ပြဆီသို့ ဗျူဟာအရ စစ်ကောင်စီက ကျေးလက်ဒေသများကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ၊ ကျေးလက်ဒေသမှ တစ်ဆင့် မြို့နယ်၊ ယင်းမှ တစ်ဆင့် မြို့ကြီးများနှင့် မြို့တွင်းတိုက်ပွဲများအထိ ပုံမှန် ဖော်ဆောင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျေးလက်ဒေသတွေက တစ်ဆင့် မြို့နယ်တွေ မြို့ကြီးတွေမှာလည်း မြို့တွင်းတိုက်ပွဲတွေကို အမြောက်အမြားပုံမှန်ဖော်ဆောင်ပြီးတော့ တိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်။ မဟာဗျူဟာ ထိုးစစ်အကြိုကာလမှာ မြို့တွင်း တိုက်ပွဲတွေ အမြောက်အမြားကို စပြီးတော့ ဖော်ဆောင်လာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဖော်ဆောင်တဲ့ တိုက်ပွဲတွေကို အနည်းငယ် ဖော်ပြချင်ပါတယ်။ မဲ့စဲမှာဆိုရင်လည်း မဲ့စဲမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေက အခုချိန်အထိကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ မြိုင်မြို့နယ် မှာဆိုရင်လည်း‌ ထွေအုပ်၊ ရဲစခန်း။ ဂိတ် ၊ နောက်ဘူတာရုံဂိတ်၊ မြို့ဝင် စစ်ဆေးရေးဂိတ်တွေကိုလည်း ကျွန်တော်တို့ အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ပြီး ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ မုံရွာအမြင့်လမ်း ညောင်ပင်သာမှာ အထိုင်ချထားတဲ့ စစ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ၅ ဦးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ရေနံချောင်းမြို့မဈေးကိုလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ယောက် ကိုလည်း တိုက်ခိုက်ချေမှုန်းပြီးတော့ ၁ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်။ ထန်တလန် မှာဆိုရင် စစ်တပ် စစ်စခန်း ၅ ခု ၊ မြို့တွင်းမှာ အထိုင်ချထားတဲ့ စစ်စခန်း ၂ ခု ၊ နောက် အော်တိုတာဝါတောင် ပေါ့နော်။ အဲဒီနေရာမှာ ချထား တဲ့ စစ်စခန်းတွေကို ချင်းတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်နိုင်ခဲ့ပါ တယ်။ အဲဒီလိုပါပဲ မင်းတပ်မြို့မှာဆိုရင်လည်း ကင်းလှည့်နေတဲ့ စစ်ကြောင်းကို မင်းတပ်ဒေသခံ ကာကွယ်ရေးအဖွဲ့အစည်းတွေက တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တနင်္သာရီတိုင်းရေဖြူမြို့မှာဆိုရင်လည်း စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မှာလည်း မြို့တွင်း တိုက်ပွဲတွေကို အအောင်အောင်မြင်မြင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က ဆိုရင်လည်း တန့်ဆည်မြို့မှာဆိုရင်လည်း မြို့တွင်း တိုက်ပွဲတွေ ကို ချေမှုန်းတိုက်ခိုက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂၃ ဦးကို ချေမှုန်းနိုင် ခဲ့ပြီးတော့ လက်နက် ၁၄ လက်နဲ့ ခဲယမ်းမီးကြောက်အမြောက်အမြားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့ အစည်း တွေ၊ မဟာမိတ်အင်အားစုတွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ မြို့တွင်းတိုက်ပွဲ ဖြစ် ပွားရာ ဒေသတွေကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ ချင်းတောင်တန်း ဒေသ ၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ မြို့တွင်းတိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာ တယ်ဆိုတာကိုလည်း တွေ့ရပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။

နေပြည်တော်အေလာလေဆိပ်ကိုပင် ဒရုန်းဖြင့် ဗုံးကျဲလာနိုင်ပြီး စစ်စခန်းများ သိမ်းပိုက်ရရှိမှုများလည်း တိုးတက်လာနေသည်ဟု ၎င်းက ဆိုသည်။

” နေပြည်တော်ဧလာလေဆိပ်ကို ကျွန်တော်တို့ရဲ့ ကျားသံလုံးစစ်ကြောင်းကနေ ဒရုန်းနဲ့ ဗုံးကျဲပြီးတော့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပါ။ ဆိုတော့ ဒီလို တိုက်ခိုက် နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ မဟာမိတ်တော်လှန်ရေး အင်အားစုတွေရဲ့ နည်းပညာက မြင့်မားလာတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းတွေကို ဟန့်တားတဲ့ Jumper Frequencyကို ကျွန်တော်တို့က စနစ်တကျ ကျော်လွှားပြီးတော့ စစ်ဆင်ရေးတွေကို‌ အောင်အောင် မြင်မြင်လုပ်လာနိုင်တဲ့ နည်းပညာအရ အသာစီးရ နေတယ် ဆိုတာကိုလည်း ဒီတိုက်ပွဲက ဖော်ပြနေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီတွေ အနေနဲ့ သူတို့ရဲ့ အထိုင်စခန်း အမြောက်အမြားကို ဒီရက်ပိုင်းထဲမှာ လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ဒူပလာယာ ခရိုင် ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်စခန်းကို ကရင်အမျိုးသား တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက နာရီဝက် အတွင်း မှာပဲ သိမ်းပိုက်ရရှိခဲ့ပါတယ်။ လက်နက်ခဲယမ်းမီးတောက် အမြောက်အမြား ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးမှာရှိတဲ့ သူတို့ရဲ အထိုင်စခန်းကိုလည်း ကချင် လွတ်မြောက် ရေး တပ်မတော်က သိမ်းယူရရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ မြစ်ကြီးနား ဆွမ်ပရာပွန် လမ်းပေါ်က ပဒူချောင် စစ်စခန်းကိုလည်းပဲ သိမ်းပိုက်ရရှိ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် ပလောင်ပြည်နယ် လွတ်‌မြောက်ရေး တပ်ဦးနဲ့ ကယန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးတို့ ပူးပေါင်းပြီးတော့ ကနောင်စစ်ဆင်ရေးဆိုတဲ့ စ စ်ဆင်ရေးတပ်ရပ်ကို ဇူလိုင်လ ၁၅ ရက်ကနေ စက် တင်ဘာလ ၁၈ ရက်အထိကို ဆင်နွှဲခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ အရာရှိ အရာခံ တိုင်းတပ်သားအဆင့် ၈၂ ဦးကို ချေမှုန်းနိုင်ခဲ့ပြီးတော့ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက် ခဲယမ်း မီးကျောက်တွေ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ဆင်ရေး အောင်မြင်မှုများ ရရှိနေချိန် စစ်ကောင်စီအတွင်း အကွဲအပြဲများဖြင့် အချင်းချင်း ပြန်ဖမ်း ၊ ဖြုတ်၊ ထုတ် ၊ သတ်ဇတ်လမ်းများ ရှိနေကြောင်း၊ယင်းအခြေ အနေများသည် စစ်ကောင်စီအတွင်း ပြိုလဲလာမှုဖြစ်ပြီး အောက်ခြေ တပ်ရင်းများတွင်လည်း စစ်မတိုက်ဘဲ ထွက်ပြေးသူများ၊ အမိန့်မနာခံဘဲ ထွက်ပြေးသူများရှိနေကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ CDM ဝင်လာသူများ ယခုရက်ပိုင်းအတွင်း မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။

“ဒီရက်ပိုင်းမှာဆိုရင် ပြည်သူ့ဘက်ကို ကူးပြောင်းလာတာ၊ တစ်နည်း ပြည်သူ့ရင် ခွင်ကို ချိတ်ဆက်ပြီးတော့ ခိုလှုံလာတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်တွေ အမြောက်အမြားရှိပါတယ်။ အဲဒီလိုပါပဲ လှည့်ပတ်ထွက်ပြေးကြတာတွေ၊ လှည့်ပတ်ပြီးတော့ Own CDM လုပ်ကြတဲ့ အရာရှိ၊ အရာခံ အကြပ် စစ်သည် တွေလည်း အမြောက်အမြားရှိတယ်လို့ သိရှိရပါတယ်။ ၈ လပိုင်း ၁ရက်နေ့ ကနေ ၁၁ ရက် ၉ လအထိဆိုရင် ပြည်သူ့ရင်ခွင်ကို တရားဝင်ချိတ်ဆက်လာတဲ့ အရာရှိအရာခံ အကြပ်စစ်သည် ၅၂ ဦး ရှိပါတယ်။ အဲဒီ ၅၂ ဦးမှာ ၁၄ ဦးက လက်နက်တွေနဲ့ ပါလာတဲ့အတွက် ကာကွယ်ရေး ဝန်ကြီး ဌာနအနေနဲ့ လက်နက် အတွက်ကို ထပ်ဆောင်းချီးမြှင့်ငွေတွေကိုလည်း ထုတ်ပေးပြီးတော့ ချီးမြှင့်လျက်ရှိပါတယ်။ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ဆောင်ရွက်လာကြတဲ့ ပြည်သူ့ သားကောင်း အမြောက်အမြားထဲကမှ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းတွေကို ကြိုတင်သိရှိနိုင်ဖို့ ဖရဲသီးစီမံချက်မှာ ပူးပေါင်း ဆောင် ရွက်ချင်ပါတယ်လို့ ဆက်သွယ်လာတဲ့ လူတွေကလည်း အမြောက် အမြား ရှိပါတယ်” ဟု ၎င်း က ဆိုသည်။

တော်လှန်ရေး အရှိန်မြင့်လာမှုနှင့်အတူ စစ်တပ်ပြိုကွဲရေး၊ စစ်တပ် ကြီးစိုးရေး ဝါဒ ပျက်စီးရေးသည် မဝေးတော့သည့် ကာလတွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး NUG အနေဖြင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အဆင်သင့် အစားထိုး ဆောင်ရွက်နိုင်ရေး မဟာမိတ်တော်လှန်ရေး အင်အား စုများ နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဦးမောင်မောင်ဆွေက ရှင်းလင်းပြောဆို ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article