25 C
Yangon

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းရန်အတွက် ဗြိတိန်နိုင်ငံသား Josh လုပ်ဆောင်သည့် မိုင် ၁၀၀၀ စက်ဘီးနင်း ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ် မိုင် ၅၀၀ အထိ‌ ရောက်ရှိ

Must read

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းရန်အတွက် ဗြိတိန်နိုင်ငံသား Josh လုပ်ဆောင်သည့် မိုင် ၁၀၀၀ စက်ဘီးနင်း ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ် မိုင် ၅၀၀ အထိ‌ ရောက်ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေ ရရှိစေရန် ရည်ရွယ်၍ ဗြိတိန်နိုင်ငံသား Josh မှ မိုင် ၁၀၀၀ စက်ဘီးနင်း၍ ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် မိုင် ၅၀၀ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံသား Josh ၏ စက်ဘီးနင်း ရန်ပုံငွေ ရှာဖွေရေးမှ ရရှိသည့် အလှူငွေများအားလုံးကို မြန်မာနိုင်ငံအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ စက်ဘီးနင်း ခရီးစဉ်တစ်လျှောက်တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များနှင့် Charity များ အကြောင်းကို UK နိုင်ငံသားများကို ရှင်းလင်းပြောပြဖြစ်ခဲ့ကြောင်း၊ UK နိုင်ငံသားများမှ ၎င်းတို့၏ အိမများ ၊ Camp Site များတွင် အခမဲ့ တည်းခိုခွင့်ပြုခဲ့ကြပြီး အလှူငွေများလည်း ထည့်ဝင်ကြကြောင်း သိရှိရသည်။

ပါဝင်လှူဒါန်းလို ပြည်သူများအနေနှင့် https://gofund.me/071d26d0 လင့်ကို ဝင်ရောက်၍ ထည့်ဝင်လှူဒါန်းနိုင်ပြီး အသးစိတ်အချက်အလက်များကို အဆိုပါ ပေ့တွင် ဝင်ရောက် ဖတ်ရှုနိုင်မည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article