30 C
Yangon

ဘားအံတွင် စစ်တပ်က နာရေးအသင်းအဖွဲ့အဖြစ် အသွင်ယူ၍ စစ်ရေး လုပ်ဆောင်နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်မည်

Must read

ဘားအံတွင် စစ်တပ်က နာရေးအသင်းအဖွဲ့အဖြစ် အသွင်ယူ၍ စစ်ရေး လုပ်ဆောင်နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နာရေးအသင်းအဖွဲ့အဖြစ် အသွင်ယူ၍ စစ်ရေး လုပ်ဆောင်နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှတ် ၁ မိတ်ဖက် တော်လှန်ရေး တပ်ပေါင်းစု ထံမှ သိရသည်။

အမှတ် ၁ မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုသည် KNU-သထုံခရိုင် တပ်မဟာ ၁ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ စည်းရုံးဦးဆောင်မှုဖြင့် သထုံခရိုင်-ဘားအံမြို့နယ်၊ တပ်ရင်း ၁ နယ်မြေအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ပေါင်းစုတာဝန်ထမ်းဆောင်သည့် နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နာရေးကူညီမှုအသင်းအဖွဲ့အသွင်ယူ၍ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် နာရေး အသင်းအဖွဲ့ ယာဥ်များ အနေဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရန်အတွက် နယ်မြေအတွင်းအကြောင်းမဲ့ သွားလာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန် ၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက နယ်မြေခံ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ချိတ်ဆက်ခွင့်ပြုချက်ရယူပြီးမှသာ သွားလာရန် နှင့် လုံခြုံရေးအရ စစ်ဆေးမှုများကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ရန် အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဘားအံမြို့နယ်၊ သထုံခရိုင် က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article