32 C
Yangon

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရိက္ခာအခက်အခဲကြုံတွေ့နေ၍ “တော်လှန်ရိက္ခာ” ကမ်ပိန်းတွင် ပါဝင် ပေး ကြပါရန် တကောင်း PDF မေတ္တာရပ်ခံ

Must read

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရိက္ခာအခက်အခဲကြုံတွေ့နေ၍ “တော်လှန်ရိက္ခာ” ကမ်ပိန်းတွင် ပါဝင် ပေး ကြပါရန် တကောင်း PDF မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရိက္ခာအခက်အခဲကြုံ တွေ့နေ ရသဖြင့် တော်လှန်ရိက္ခာ ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် တကောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၂၅ ရက်နေ့အထိ တော်လှန် ရိက္ခာ ကမ်ပိန်း ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး သပိတ်ကျင်းမြို့နယ်တွင်း၌ တော်လှန်ရေးရဲဘော် အင်အား ၁၀၀၀ (တစ် ထောင်) ခန့်ရှိကာ စားနပ်ရိက္ခာအခက်အခဲကြုံနေရကြောင်း၊ မိဘပြည်သူများ၏ အခက်အခဲကိုနားလည် သော်လည်း မိဘပြည်သူများကို အားကိုးနေရသဖြင့် တင်ပြ တောင်းခံရခြင်းဖြစ်ကြောင်း တကောင်း PDF တပ်ဖွဲ့မှ ပြောဆိုသည်။

“မိုးရာသီဖြစ်တဲ့ အတွက် ရိက္ခာက အဓိကလိုအပ်တာ၊ နောက်တစ်ခုက စက်သုံးဆီ ရောပေါ့၊ အားလုံး လို လားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရနိုင်ရေးအတွက် ခက်ခက်ခဲခဲနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော် ဖြတ်နေတာမို့ ပြည်သူတွေအနေနဲ့ ထောက်ပို့ကဏ္ဍမှာ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု တကောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထောက်ပို့ကူညီပေးမည့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/htm.heretogethermyanmar

ဝင်ရောက်ပြီး Messenger မှတဆင့် ဆက်သွယ် ကူညီနိုင်ကြောင်း အသိပေးသည်။

သပိတ်ကျင်းမြို့နယ်သည် ပြင်ဦးလွင်ခရိုင်အတွင်း၌ တည်ရှိပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းတို့နှင့် ထိစပ်လျက်ရှိကာ အကြမ်းဖက်စစ်တပ်၏ တပ်တွင်း လေ့ကျင့်ရေးသင်တန်း ကျောင်း၊ ခြေမြန်တပ်ရင်း၊ စစ်ဆေးရုံများတည်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ကြည်း၊ ရေ၊ လေ စစ်ပြည့်စစ်ကြောင်းထိုးနေသည့် ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article