28 C
Yangon

မင်းတပ်မြို့ဝင်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မင်းတပ်မြို့ဝင်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ဝင်ဂိတ်ကို CDF-မင်းတပ်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မင်းတပ်မြို့အဝင်၌ ဂိတ်စောင့်နေသော ရဲတပ်ဖွဲ့ဝင်များကို CDF-မင်းတပ်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့မှု ဖြစ်ပွားပြီး ရဲ ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့မှု ဖြစ်ပွားပြီးနောက် မြို့ဝင်ဂိတ်ကို ဖြတ်သန်း သွားလာနေသည့် ပြည်သူများကို လက်ရှိချိန်ထိ စစ်ဆေး မေးမြန်းမှုများ မပြုလုပ်တော့ဘဲ ကုန်းပေါ်ဘန်ကာမှနေ၍ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း၊ ကားလမ်းဘေးရှိ ဂိတ်ကိုလည်း စစ်သားနှင့် ရဲများက လာရောက်ခြင်း မရှိတော့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force UG အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အဆိုပါ စစ်ဆေးရေးဂိတ်ရှိ အဆောက်အဦးများပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့​ကာ ယင်း တိုက်ခိုက်မှုကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Thu Rain-TR အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article