37 C
Yangon

ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး ULF က “အောင်ပါစေကြောင်း ကျည်တစ်သောင်းကမ်ပိန်း” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံ

Must read

ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး ULF က “အောင်ပါစေကြောင်း ကျည်တစ်သောင်းကမ်ပိန်း” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး ULF က ကျည်ဖြည့်တင်းရန် အတွက် “အောင်ပါစေကြောင်း ကျည်တစ်သောင်းကမ်ပိန်း” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၆ ရက်မှ လက်ရှိချိန်ထိ ယင်းမာပင်မြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသော အကြမ်းဖက် စစ်တပ်နှင့် ULF (မဟာမိတ်တပ်ပေါင်းစု)တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ မစ်ရှင်တစ်ခုပြီးမြောက်ချိန်တွင် နောက်လာမည့် မစ်ရှင်များအတွက် လိုအပ်သော ပြင်ဆင်မှုများရှိပြီး အဆိုပါ ပြင်ဆင်မှုများတွင် ရှေ့တန်းရဲဘော်များအတွက် အရေးပေါ် လိုအပ်ချက်တစ်ခုဖြစ်သည့် အရန်ကျည် (နှုတ်ခမ်းနီ) သည် မဖြစ်မနေ ဖြည့်တင်းရကြောင်း သိရသည်။

ထို့ကြောင့် ULF (တပ်ပေါင်းစု) မှ အရန်ကျည်(နှုတ်ခမ်းနီ)ဖြည့်တင်းဖို့ရန် အတွက် “အောင်ပါစေကြောင်း ကျည်တစ်သောင်းကမ်ပိန်း” ပြုလုပ်သွားမှာဖြစ်ပြီး Campaign Target ကိုတော့ နှုတ်ခမ်းနီ(ကျည်) အတောင့် တစ်သောင်း(၁၀၀၀၀) ထားရှိမှာဖြစ်ကာ ကမ်ပိန်းကာလကိုတော့ အချိန်တစ်လတိတိ သတ်မှတ်ထားကြောင်း သိရသည်။

မစ်ရှင်တွေ ဆက်လက် ဖော်ဆောင်နိုင်ရန် ပြည်သူလူထု၏ အားပေး ထောက်ခံမှု များစွာလိုအပ်နေပြီး ပြည်တွင်းပြည်ပမှ တော်လှန် ပြည်သူများအနေဖြင့် အောင်ပါစေကြောင်း ကျည်တစ်သောင်း ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ကြရန် လေးလေးနက်နက် နှိုးဆော်တိုက်တွန်းလိုကြောင်း ဖော်ပြထားသည်။

အောင်ပါစေကြောင်း ကျည်တစ်သောင်း ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ဖို့ တော်လှန်မိဘပြည်သူများအနေဖြင့် NUG Pay၊ Kpay၊ Wave Pay၊ SDB Banking စသည့် Digital Money များဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ တော်လှန်မိဘပြည်သူများအနေနဲ့

ULF(တပ်ပေါင်းစု)၏ပြောင်မြောက်လှတဲ့မစ်ရှင်များ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ယခု ကမ်ပိန်းမှာ အားတက်သရော ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

Target Bullet – (10000)

ကမ်ပိန်းကာလ – (တစ်လတိတိ)

ကမ်ပိန်းစမည့်ရက် – (25.9.2023)

ကမ်ပိန်းပြီးဆုံးမည့်ရက် – (25.10.2023)

ULF(မဟာမိတ်တပ်ပေါင်းစု) အောင်ပါစေကြောင်းကျည်တစ်သောင်းကမ်ပိန်း ပူးပေါင်းပါဝင်နိုင်မည့် Page Link များ

👇
👇
👇

Union Liberation Front – ULF (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး

https://www.facebook.com/profile.php?id=100095091498394…

ကျောက်လုံးကြီး KLG တပ်မဟာ

https://www.facebook.com/profile.php?id=100089387556146…

Chindwin Galone Yarzar Guerrilla Defense Force

https://www.facebook.com/profile.php?id=100075838849508…

Triple Two

https://www.facebook.com/profile.php?id=100075743325738…

အမေစုနိုင်

https://www.facebook.com/profile.php?id=100082540866783…

Nay Gyi

https://www.facebook.com/profile.php?id=100078134611563…

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article