28 C
Yangon

ရွှေဘို၊ မြင်းချင်းရွာရှိ ပျူစောထီး ကင်းစခန်း ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

Must read

ရွှေဘို၊ မြင်းချင်းရွာရှိ ပျူစောထီး ကင်းစခန်း ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာရှိ ပျူစောထီး ကင်းစခန်း ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myanmar Defense Force – Shwebo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူရွာရှိ ကင်းစခန်း ၃ ခုအား တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာ အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန်ရှိနေသော ပျူစောထီးများသည် မြင်းချင်းပျူရွာထဲကို ထွက်ပြေး ဝင်ရောက်သွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နောက်မှ လိုက်လံပစ်ခတ် သော်လည်း ပန်းရံရွာ နှင့် လိပ်ချင်းရွာ မှ ပျူစောထီးများ တပ်ကူ ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ‌ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MDF-Shwebo နှင့် ဗိုလ်မိကျောင်း ၊မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ ၁ ၊ ဇေယျာရွှေမြေ၊ မင်းညီနောင်၊ MONYWA SPECIAL ဒိတ်ဒိတ်ကြဲ၊ ဇေယျာရွှေမြေ၊ အနောက်မြောက်လွင်ပြင်၊ MC Shwebo (PDF)၊ ဒေါင်းဖြူဂျစ်တူး ၊ ဒေါင်းမာန်၊ မဟူရာရွှေဘိုသား၊ ဗိုလ်မဟာ၊ Shwebo Federal Army၊ Eye For Eye ၊HG Fighter ၊ ဒေါင်းစစ်သည် ၊ ဗိုလ်လင်းရောင် တပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ အသေးစား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article